Print

ရေကူးကန်ထဲရေကူးနေစဉ် မျက်စိနီရခြင်းအကြောင်း

  12-May-2019
Preview Image

ရေကူးကန်ထဲ ရေကူးသူအများစုသည် မျက်စိနီရဲသွားတတ်သည်။ ယင်းမှာ လူအများ ထင်နေသကဲ့သို့ ရေထဲက ကလိုရင်းကြောင့်မဟုတ်ဘဲ ရေကူးကန်ထဲရှိ ဆီးများကြောင့်ဖြစ်ကြောင်း လေ့လာသူတွေကဆိုသည်။ ရေကူးကန်ထဲ ဆီးသွားလေ့ရှိခြင်းသည် အလွန်ဆိုးရွားသော ပြဿနာတစ်ရပ်ဖြစ်ပြီး ယင်းအတွက် လူထုကို ပညာပေးရန် လိုအပ်ကြောင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားခဲ့သည်။ ရေအရင်းအမြစ်နဲ့ ကျန်းမာရေး ကောင်စီက ပြုလုပ်သော စစ်တမ်းအသစ်အရ အမေရိကန်လူမျိုး ၇၁ ရာခိုင်နှုန်းသည် ရေကူးကန်ထဲက ဓာတုပစ္စည်း တစ်မျိုးကြောင့် ရေကူးပြီးနောက် မျက်စိနီပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်လာခြင်းဖြစ်သည်ဟု မှားယွင်းစွာ ထင်မြင်ထားကြသည်။ 


“ရေကူးကန်ထဲ ထည့်ထားတဲ့ကလိုရင်းလို တခြားပိုးသတ်ဆေးတွေက ရောဂါပိုးတွေကို ထိခိုက်စေပါတယ်။ ရေကူးကန်ထဲ ဆီးသွားတာကြောင့် ကလိုရင်းဓာတ်တွေ ကုန်ခမ်းပြီး ရေကူးသမားတွေရဲ့ မျက်စိကို နီမြန်းလာစေပါတယ်” ဟု ရောဂါကာကွယ်ရေးစင်တာမှ မီရှဲလ်က ပြောသည်။ 


“ရေကူးသမားတွေက ရေကူးကန်ကို ရေကူးဖို့ပဲ သုံးသင့်တယ်။ အိမ်သာထဲမှာ ဆီးသွားဖို့၊ ရေချိုးခန်းထဲမှာ ရေမကူးခင် ဆေးကြောဖို့လိုအပ်ပါတယ်” ဟု ကျွမ်းကျင်သူတွေက ပြောကြားခဲ့သည်။ 

Credit : Arogyam magazine


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18