Print

နောက်ကျောအောင့်ခြင်း၊ နာကျင်ခြင်းနဲ့ပတ်သက်သော သိကောင်းစရာများ

  01-Mar-2017
Preview Image

နောက်ကျောအောင့်ခြင်းဆိုတာ မခံစားဖူးသူရှားတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။နောက်ကျောအောင့်တာ မှာမှ ကျောအပေါ်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းအောင့်တာ၊ နာတာဆိုပြီး ရှိပါတယ်။ နောက်ခံရောဂါ အကြောင်းရင်းအလိုက် နာတဲ့၊ အောင့်တဲ့နေရာကွဲပြားနိုင်ပါတယ်။ Low back pain ဆိုတဲ့ နောက်ကျော ခါးအောက်ဘက် နာကျင်တဲ့ဝေဒနာကတော့ ကမ္ဘာမှာ အဖြစ်အများဆုံး၊ ဒုက္ခအပေးဆုံးဖြစ်ပါတယ်။ လူငါးယောက်မှာ ေလးယောက်လောက်ဟာ ဒီဝေဒနာကို ခံစားနေရပါတယ်။

 

နောက်ကျောဆိုရာမှာ ကျောရိုးမကြီး၊ အဆစ်များ၊ တွယ်ဆက်တစ်သျှူးများ၊ အရွတ်များနှင့် ကြွက်သားများနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကို ခေါ်ပါတယ်။ အဲဒီနေရာ တစ်နေရာမှာ ထိခိုက်ဒဏ်ရာ တစ်ခုခုရခဲ့ရင် ကျောနာကျောအောင်ခြင်းကို ခံစားကြရပါတော့တယ်။

 

၁။ ကျောအပေါ်ဘက်နာကျင်ခြင်း

ပခုံးနှစ်ဖက် ဒါမှမဟုတ် နံရိုးတစ်ဝိုက်မှာ နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်းတွေ ခံစားရတာဖြစ်ပါတယ်။ အများအားဖြင့် ကြွက်သားဒဏ်ရာဖြစ်ခြင်း၊ အဆစ်ဒဏ်ဖြစ်ခြင်း၊ ထိခိုက်မိခြင်း (သို့) ရောဂါပိုးဝင် ရောက်ခြင်းကြောင့် ဖြစ်ရတာများပါတယ်။ 

 

၂။ ကျောအလယ်ပိုင်းနာကျင်ခြင်း

နာကျင်ခြင်းဟာ ကျောရိုးအလယ် တစ်လျှောက်မှာ ရင်ခေါင်းပိုင်းတစ်ဝိုက်မှာ ရင်ခေါင်းပိုင်း ဖြစ်ပေါ်ပါတယ်။ အားကစားလှုပ်ရှားမှုတစ်ခုခုကြောင့် ဒဏ်ဖြစ်ခြင်း၊ ကိုယ်နေဟန်ထားမမှန်မှုကြောင့် ဒဏ်ဖြစ်ခြင်း၊ အဆစ်ရောင်ရောဂါ၊ ကြွက်သား ဒဏ်ဖြစ်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

 

၃။ ကျောအောက်ပိုင်း နာကျင်ခြင်း

အဖြစ်များဆုံး အမျိုးအစားတစ်ခုပါ။ ကျောရိုးအောက်ဆုံးပိုင်းတစ်ဝိုက် နာကျင်တတ်ပါတယ်။ လူတွေခံစားရတဲ့ နာကျင်ကိုက်ခဲမှု ၄ မျိုးကို သုတေသနလုပ်တဲ့အခါ ကျောအောက်ပိုင်းနာကျင်ခြင်းက 28%၊ ပြင်းထန်သော ခေါင်းတစ်ခြမ်းကိုက်ခြင်း (သို့) ခေါင်းကိုက်ခြင်းက 15%၊ ဇက်နာခြင်းက 15% မျက်နှာနာကျင်ခြင်းက 4%ဆိုပြီး တွေ့ရပါတယ်။

 

ကျောအောင့်ကျောနာ ကာကွယ်မယ်
၁။ ကျန်းမာရေးနဲ့ သင့်တင့်တဲ့ အစားအစာ စားမယ်၊ ကိုယ်အလေးချိန် ထိန်းမယ်၊လေ့ကျင့်ခန်းပုံမှန် လုပ်မယ်ဆိုရင် အရမ်းကောင်းပါတယ်။ 


၂။ မလှုပ်မရှား ပျင်းရိနေတာ၊ ခုတင်ပေါ်မှာ ဇိမ်လုပ်နေတာတွေ လျှော့ပါ။


၃။ ကိုယ်လက်မလှုပ်ရှားခင် သွေးပူလေ့ကျင့်ခန်းလုပ်ပါ။ အကြောလျှော့ပါ။


၄။ ကိုယ်အနေအထား မှန်မှန်ထားပါ။ ထိုင်ရင် မတ်မတ်ထိုင်ပါ။


၅။ သက်သောင့်သက်သာရှိသော အဝတ်များ ဝတ်ပါ။ ဖိနပ်အနိမ့်စီးပါ။


၆။ အိပ်တဲ့မွေ့ရာဟာ အလယ်အလတ် (သို့) အတော်အတန် တောင့်တင်းတဲ့ အမျိုးအစားကို ရွေးပါ။


၇။ အလေးအပင်မတဲ့အခါ လူကို ထိုင်ချပြီးမှ မပါ။ ကုန်းပြီး မမပါနဲ့။


၈။ ကျောကို ထောက်ပ့ံပေးနိုင်တဲ့ ထိုင်ခုံအမျိုးအစားကို ရွေးချယ်သုံးစွဲပါ။


Credit:
ဒေါက်တာရှင်းသန့်ဖြူ
Ziwaka magazine, July 2016,


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18