Print

ဓာတ်ရောင်ခြည်သင့်မှု

  01-Mar-2017
Preview Image

ဓာတ်ရောင်ခြည်သင့်မှုသည် ရောဂါဖြစ်စေသော အကြောင်းရင်း ဇာစ်မြစ် များစွာအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်မှ ဓာတ်ရောင်ခြည် တချို့နှင့် ထိတွေ့မှုရှိနေခဲ့သည်။ နေနှင့် ကြယ်တာရာ တို့မှ ရောက်ခြည် များနှင့် ကမ္ဘာမြေလွှာရှိ ပစ္စည်းတို့မှ ဓာတ်ရောင်ခြည်များကို သဘာဝအလျောက် ထိတွေ့နေ ကြသည်။ လူ့ပယောဂကြောင့်လည်း ဓာတ်ရောင်ခြည်သင့်မှုများ ကြုံတွေ့ ရနိုင်သည်။ နျူးကလီးယား စွမ်းအင်ထုတ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းများ ၊ ဓာတ်မှန်စစ်ဆေးခြင်းနှင့် ဓာတ်ရောင်ခြည်ကုထုံး ကုသခြင်း တို့သည်လည်း ဓာတ်ရောင်ခြည်ထိတွေ့မှုဖြစ်စေသည်။

 

ဓာတ်ရောင်ခြည် ထိတွေ့မှုလွန်ကဲစွာ တွေ့ကြုံရလျှင် ခန္ဓာကိုယ် တစ်သျှူးများ ၌ ပြန်လည်မကောင်းနိုင် တော့သော ယိုယွင်းမှုကို ဖြစ်စေသည်။ အရေပြား၊ ဆံပင် ၊ သွေးနှင့် မျိုးပွားအင်္ဂါတို့တွင် ထိခိုက်မှု ပိုဖြစ်သည်။ ကင်ဆာရောဂါဖြစ်ရန် အခွင့်အလမ်း ပိုများလာသည်။ ဓာတ်မှန်ဌာနတွင် အလုပ်လုပ်ကိုင်နေကြသူများအဖို့ ကြိုတင်ကာကွယ် မှုများ ဆောင်ရွက်ရန်လိုအပ်သည်။ ယနေ့အချိန်တွင် နည်းပညာတိုးတက်လာမှုကြောင့် လူနာများအား ဓာတ်ရောင်ခြည်ထိတွေ့မှု အနည်းဆုံးဖြင့် ရောဂါများကို ရှာဖွေဖော် ထုတ်နိုင်ပြီး ဖြစ်သည်။ ဓာတ်မှန်အရေအတွက်များစွာ ရိုက်ရခြင်းနှင့် မကြာခဏရိုက် ရခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်သည်။

 

ကင်ဆာရောဂါကို ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကုသကြရာတွင်လည်း ဓာတ်ရောင်ခြည်သင့်မှု မကြုံတွေ့စေရန် အထူးဂရုစိုက်ဖို့ လိုအပ်သည်။ ပတ်ဝန်းကျင်ရှိ တစ်သျှူး အကောင်းများကို မထိခိုက်စေရန် ယနေ့ခေတ်မီကိရိယာများက စွမ်းဆောင်ပေးနိုင်ကြပြီ ုဖြစ်သည်။ ရေဒီယိုသတ္တိကြွပစ္စည်းတချို့ကိုလည်း ဆေးဝါးကုသရာတွင် အသုံးပြုလျက်ရှိသည်။ 

 

ဥပမာအားဖြင့် ရေဒီယိုသတ္တိကြွအိုင်အိုဒင်း Radioactive Iodine ကို သိုင်းရွိုက်ဂလင်းရောဂါ ကုသရန် အသုံးပြုသည်။ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် ဓာတ်ရောင်ခြည်ကိုအသုံးပြုနေကြသော်လည်းဓာတ်ရောင်ခြည်သည် ရောဂါဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်သည်ကို မမေ့သင့်ကြပေ။


Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18