Print

စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းကောင်းများ

  01-Mar-2017
Preview Image

(၁) ချစ်ခင်သူများနှင့် ရင်နှီးစွာ နီးနီးကပ်ကပ် နေထိုင်ပါ။ 

ခိုင်မြဲတဲ့ချစ်ခင်ရင်နှီးမှု သံယောဇဉ်နဲ့ ထောက်ကူပေးမှုဟာ စိတ်ဖိအားကို သိသာစွာလျော့ကျစေတာ တွေ့ရတယ်။ ခက်ခဲပင်ပန်းနေတဲ့အချိန်မှာ ချစ်ခင်ရင်းနှီးသူများရဲ့ထွေးပိုက်နွေးထွေးမှု၊ ပွေ့ပိုက်နမ်းရှုံ့မှု၊ အားပေးစကား နွေးထွေးစွာ ပြောဆိုကူညီမှုတို့ဟာ စိတ်ဆင်းရဲမှုနှင့် အင်အားတွေပြေလျော့စေပြီး၊ အခက်ခဲတွေကို ကြ့ံကြံ့ခံဖြေရှင်းနိုင်တာကို တွေ့ရှိရပါတယ်။

 

၂။ အပြင်ထွက်ကာလမ်းလျှောက်ခြင်းဖြင့် မျက်နှာပေါ်နေရောင်ခြည်ထိတွေ့ပါစေ

မနက်ခင်း (သို့) ညနေခင်းနေရောင်ခြည်နုနုအောက် လမ်းလျှောက်ပေးရင်နေရောင်ခြည်က စိတ်ဖိအားကျဆင်းစေပါတယ်။ နေရောင်ခြည်ရဲ့ အရေးပါမှုကို ဘယ်လိုသိနိုင်လဲဆိုတော့ ဆောင်းရာသီ အေးစက်ပြီး နေရောင်သိပ်မမြင်ရတဲ့ တိုင်းပြည်တွေမှာနေထိုင်သူတွေဟာ နေရောင်နဲ့ အထိအတွေ့နည်းလေလေ စိတ်ဖိစီးမှုကို ခံစားရပြီးစိတ်ဓာတ်ကျရောဂါတွေ ခံစားရလေလေ ဖြစ်တာတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ခန္ဓာထဲက စိတ်ပျော်ရွှင်ချမ်းမြေ့မှုကိုပေးတဲ့ ဆီရိုတိုနင်ဟော်မုန်း ပမာဏမြင့်မားစေအောင် နေရောင်ခြည်က ပြုလုပ်ပေးနိုင်လို့ပဲဖြစ်တယ်။

 

၃။ ကခုန်ခြင်း

မိနစ်လေးဆယ်ကြာအောင် လေ့ကျင့်ခန်းလုပ်ရင် စိတ်ဓာတ် တက်ကြွမြူးကြွလာတာ တွေ့ရပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မဝင်စားရင် အခွေဖွင့်ပြီး တစ်ယောက်တည်း စိတ်ရှိလက်ရှိ လွတ်လပ်စွာ ကခုန်နိုင်ပါတယ်။

 

၄။ တရားထိုင်ပါ။

သက်သာတဲ့ အနေအထားမှာ ထိုင်ပြီး မျက်စိမှိတ်ကာ စိတ်ကို အရှင်းဆုံးထားပြီးဝင်လေထွက်လေကိုပဲ မှတ်မှတ် မျက်စိရှေ့က အဖြူရောင်စက်ဝိုင်းကိုပဲ ကသိုင်းရှူရှူ၊ စိတ်ကို အစွမ်းကုန်ထိန်းပြီး တခြားဘယ်ကိုမှ စိတ်မပျံ့စေဘဲ စိတ်ကိုတည်ငြိမ်အောင် ထားမယ်ဆိုရင် စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလာပါလိမ့်မယ်။ စိတ်ဖိအားများလည်း သက်သာကျဆင်းလာပါမယ်။ နေ့စဉ်လေ့ကျင့်ရင်း တရားထိုင်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။ 

 

၅။ ချစ်စရာ အိမ်မွေးတိရိစ္ဆာန်မွေးပါ

ခွေး၊ ကြောင်၊ ကြက်တူရွေး၊ ကတ္တဝါ စသဖြင့် အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူးလာရင် သံယောဇဉ် အပြန်အလှန်ဖြစ်ပြီး အထီးကျန်စိတ်လည်းပျောက်ကာ အဖော်လည်းရ၊ စိတ်ဖိအားလည်း ကျစေပါတယ်။

 

၆။ မွှေးရနံ့ ကုထုံးခံယူပါ

လာဗင်ဒါအဆီနဲ့ ရနံ့ကုထုံးခံယူလိုက်ရင် စိတ်ညစ်နေတာတွေ ပင်ပန်းဆင်းရဲနေတာတွေ၊ စိတ်ဖိအား ခံစားနေရတာတွေ၊ သက်သာသွားစေမယ်။ ရေချိုးကန်ထဲ ရေကြက်သီးနွေးဖြည့်ကာ လာဗင်ဒါအဆီ ၄-၅ စက် ထပ်ဖြည့်ပြီး မီးရောင်မှိန်မှိန်နဲ့ သီးချင်း အေးအေးတိုးတိုးဖွင့်ထားရင်း ရေစိမ်ချိူးလိုက်ပါက ချက်ချင်းလို ပေါ့ပါးလန်းဆန်း စိတ်ရွှင်လန်းစေပါတယ်။ အိပ်ခန်းထဲ နှစ်သက်ရာရေမွှေးနံ့လေး ဖျန်းထားပြီး အနားယူအပန်းဖြေရင်လည်း အလားတူ အကျိုးကျေးဇူး ရရှိစေပါတယ်။ လောကဓံတရားများကို ကြ့ံကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ။


Credit:
ဒေါက်တာအေးမြချယ်
Ziwaka magazine, May 2015, Pg.74-78



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18