Print

ဇင့်၏အသုံးဝင်ပုံ

  01-Mar-2017
Preview Image

အရေပြားနဲ့ပတ်သက်လို့ ပြောရရင် ဝက်ခြံပေါက်တဲ့ ကိစ္စနဲ့ အနာအကျက်နှေးတဲ့ ကိစ္စတွေမှာ အသုံးတည့်ပါတယ်။ အင်တီအောက်ဆီဒင့် ပစ္စည်းအပြည့်အဝ မရှိပေမယ့် အရေပြားကလပ်စည်းတွေ တစ်သျှူးတွေကို အဖျက်သမားဖရီးရယ်ဒီကယ်တွေရဲ့ရန်က ကာကွယ်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် ကော်လာဂျင်တွေ ဖွံ့ဖြိုးရှင်သန်စေဖို့ အရေးကြောင်းတွေ လျော့နည်းပြီးနုပျိုတဲ့ ရုပ်သွင်ကိုရရှိစေပါတယ်။ 

 

ဇင့်ဓာတ်နည်းနေရင် အရေပြားထဲက ဆီဘမ် (Sebum) ဆိုတဲ့ အဆီတွေ ပိုထွက်ပါတယ်။ အဆီတွေ ပိုထွက်တော့ ဝက်ခြံတွေ ပိုပေါက်နိုင်လို့ပါ။ ဒါကြောင့် ဆယ်ကျော်သက်တွေ ဝက်ခြံပိုပေါက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဇင့်ဓာတ်ချို့တဲ့တာလည်း တစ်ခုပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံကုသရာမှာ အဓိကသုံးတဲ့ ဆေးဝါးတွေအပြင် ဖြည့်တင်းပေးလေ့ရှိတာပါ။

 

သာမန်အနာတစ်ခုဟာ ပုံမှန်ကျက်သွားရမယ့်အချိန်မှာ မကျက်ဘဲ နှေးနေရင် ဇင့်ဓာတ်တွေက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့်အနာကျက်နှေးရင် ဇင့်ပါတဲ့ အားဆေးတွေကို ဖြည့်စွက်ပေးလေ့ရှိတာပါ။ အဓိကအချက်ကတော့ ဇင့်ကကော်လာဂျင်တွေကို အားကောင်းမောင်းသန်ဖြစ်စေတာမို့ အနာကို မြန်မြန်ကျက်စေတာပါ။ ဇင့်အောက်ဆိုက် (Zine Oxide) ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုးကိုတော့နေရောင်ခြည်ကာကွယ်ပေးတဲ့ ခရင်မ်တွေ၊ လိုးရှင်းတွေမှာ တော်တော်လေး သုံးကြပါတယ်။

 

ခရမ်းလွန်ရောင်ခြည်ကို အရေပြားထဲ မဝင်ရောက်အောင် ကာကွယ်တားဆီးပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတာကိုး၊ ဒါကြောင့် အလှပြင်ပစ္စည်းအတော်များများမှာလည်း ဇင့်အောက်ဆိုပါဝင်တာများပါ၏။ ဒါ့အပြင် မိတ်ပေါက်တဲ့အခါ ပေါင်ခြံပွန်းသလိုမျိုး အရေပြားနီရဲရောင်ရမ်းတဲ့ အခါမျိုးတွေမှာလည်း သုံးကြပါတယ်။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ပစ္စည်းရှိလို့ ခြင်၊ပုရွက်ဆိတ်အကိုက်ခံရလည်း ဒီခရင်မ်တွေက အသုံးတည့်ပါတယ်။ လူအသိများတဲ့ ကယ်လမင်း (Calamine) ဆေးရည်ဟာ တကယ်တော့ ဇင့်အောက်ဆိုက်နဲ့ အဓိက ဖော်စပ်ထားတာပါ။

 

ဇင့်ဓာတ်ချို့တဲ့ရင်
တကယ်တော့ ဇင့်ဓာတ်ဟာ စားနေကျ အစားအစာတွေဖြစ်တဲ့ နွားနို့၊ အသားငါး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်၊ ဂျုံကြမ်းနဲ့ ပြောင်းတွေမှာ ပါဝင်ပြီးသားမို့ ယေဘုယအားဖြင့် ချိုတဲ့ ခဲပါတယ်။ ဒါပေမဲ့ အရက်စွဲနေတဲ့ အရက်ချိုးတွေ၊ AIDS ဝေဒနာရှင်တွေ၊ အသက်အရွယ် အိုမင်းမစွမ်းသူတွေမှာတော့ ဇင့်ဓာတ်ချို့တဲ့မှုပြဿနာကြုံနိုင်ပါတယ်။ ထူးထူးခြားခြားဗီဇအရကို ဇင့်ဓာတ်ချို့တဲ့ ရောဂါလည်းရှိပါတယ်။ ကလေးငယ်တွေမှာ ပိုတွေ့ရတဲ့ ရှားပါးပြဿနာပါ။ 

 


Acrodermatitis Enteropathica လို့ခေါ်တဲ့ အရေပြားပြဿနာပေါ့။ ဘယ်လိုအကြောင်းကြောင့်ပဲ ဇင့်ဓာတ်ချို့တဲ့ပါစေ ရောဂါလက္ခဏာတွေကတော့ အတူတူပါပဲ။ လက်တွေ၊ ခြေတွေအပြင် ပါးစပ်နဲ့ တခြားနေရာတွေမှာလည်း အရေပြားက အကြေးခွံတွေထတာ အရည်တရွှဲရွှဲဖြစ်တာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် လက်သည်းခြေသည်း တွေကလည်း ပုံပျက်ပန်းပျက် ဆံပင်တွေကလည်း ကျွတ်လည်း ကျွတ်၊ ဖြူလည်းဖြူနဲ့ အပြင်ပန်းကြည့်ရင် အရွယ်မအိုခင် အိုရုပ်ပေါက်နေတော့တာပါ။ ဒီလိုဝေဒနာရှင်တွေ၊ အားဆေးတွေနဲ့ စနစ်တကျ ကုသလိုက်ရင် သက်သာသွားတာပါ။ 


Credit:
ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18