Print

အမျိုးသားချင်း လိင်တူဆက်ဆံတဲ့အခါ စအိုထဲကို ကွန်ဒုံးထည့်ရင် ကွန်ဒုံးကျွ...

  20-Feb-2019
Preview Image

ဒီနေရာမှာ ဆေးပညာရှုတောင့်က ပြောရသော် စအိုသည် သဘာဝတရားအားဖြင့် ကာမစပ်ယှက်သော အင်္ဂါမဟုတ်၊ လိင်ဆက်ဆံစဉ် အမျိုးသမီး လိင်အင်္ဂါကဲ့သို့ အချွဲရည်များမထွက်ပါ။ ဒီတော့ ကွန်ဒုံးက စအိုနံရံမှာ လွယ်ကူစွာ မရွေ့လျားနိုင်ဘူး။ ဒီတော့ စအိုထဲမှာ ကွန်ဒုံးကို ကျွတ်ကျကျန်ခဲ့တာ မဆန်းပါ။ ပြဿနာဖြေရှင်းနည်းကတော့ လိင်တံကို ကွန်ဒုံးစွပ်ပြီးတဲ့အခါ ကွန်ဒုံးဂျယ်လ်ခေါ် ကွန်ဒုံးအတွက် သီးသန့်အဆီကို သုတ်လိမ်းနိုင်ပါတယ်။ နောက်ထပ် ပြဿနာဖြေရှင်းနည်းကတော့ အမျိုးသမီးကွန်ဒုံးကို ယောကျ်ားစအိုထဲသို့ ထည့်လို့ရပါတယ်။


Ref:
ဒေါက်တာထွန်းဝင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18