Print

တက်စထရိုစတီရုန်း မြင့်မားစေသောအစာများ

  18-Feb-2019
Preview Image

ကန်စွန်းဥနှင့်အာလူး
အက်စထရိုစတီရုန်းဟော်မုန်း ထုတ်လုပ်ဖို့ ကာဗွန်ဟိုက်ဒရိတ်ရရှိဖို့ လိုအပ်ပါတယ်။ ကောက်နှံကွေကာတွေကနေ ကာဗွန်ဟိုက်ဒရိတ်ကို ရရိုနိုင်ပါတယ်ဆိုပေမယ့် ဂလူတန်နဲ့မတည့်တဲ့သူတွေမှာ ပြဿနာတချို့ရှိတတ်ပါတယ်။ ကန်စွန်းဥ၊ အာလူးတွေကနေရရှိတဲ့ ကာဗွန်ဟိုက်ဒရိတ်မှာ ဂလူတန်မပါဝင်တဲ့ အပြင် တက်စထရိုစတီးရုန်း ထုတ်လုပ်ဖို့ လုံလောက်တဲ့ ကာဗွန်ဟိုက်ဒရိတ်ကို ရရှိနိုင်ပါတယ်။

ကော်ဖီ
ကော်ဖီသောက်သုံးတာက အာရုံကြောစနစ်ကို လှုံ့ဆော်ပေးလို့ တက်စထရိုစတီရုန်း ထုတ်လုပ်မှုကိုအားပေးပါတယ်။ ကော်ဖီမှာ အင်တီၤအောက်ဆီးဒင့်တွေလည်း များစွာပါဝင်လို့ မနက်စာစားတိုင်းမှာ ကော်ဖီတစ်ခွက်သောက်ဖြစ်အောင်သောက်ပါ။

အစေ့အဆန်

အစေ့အဆန်ထဲမှာပါဝင်တဲ့ မရှိမဖြစ်အဆီတွေက တက်စထရိုစတီးရုန်းဟော်မုန်း ထုတ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ် ဒါအပြင် အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဆီလီနီယမ်ပါဝင်လို့ တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကိုအားပေးပါတယ်။

သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဖြစ်ပြီး နှစ်ပတ်သုံးစွဲပါက တက်စထရိုစတီးရုန်းဟော်မုန်း ၁၇ ရာခိုင်နှုန်း တက်လာတယ်လို့ လေ့လာမှုမှာတွေ့ရပါတယ်။ အင်တီအောက်ဆီးဒင့်တွေလည်း များစွာပါဝင်လို့ ခန္ဓာကိုယ်တွင်
ရောင်ရမ်းမှုတွေကို လျော့နည်းစေတဲ့ အာနိသင်ကိုကိုလည်း ရရှိနိုင်ပါတယ်။

စပျစ်သီး
စပျစ်သီးခြောက်ထဲမှာ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ရက်စ်ဗာရက်ထရောတွေ များစွာပါဝင်ပြီး တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကိုမြင့်မားစေပါတယ်။ စပျစ်သီးခြောက် နေ့စဉ်ပုံမှန်စားသုံးပါက ကျားဟော်မုန်းအီစထရိုစတီရုန်းဟော်မုန်း မြင့်မားစေပြီး မဟော်မုန်းအီစထရိုဂျင် လျော့နည်းစေတယ်လို့ လေ့လာမှုတချို့မှာတွေ့ရှိခဲ့ရပါတယ်။

ချင်း (ဂျင်း)
ချင်း (ဂျင်း) ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အိမ်တွင်းမီးဖိုချောင်မှာ မပါမဖြစ် အသုံးပြုတတ် ကြပါတယ်။ ချင်း (ဂျင်း) ကို ဖြည့်စွက်အစာအနေနဲ့ ဈေးကွက်ထဲကနေ ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ပုံမှန်သုံးစွဲပါက တက်စထရိုစတီးရုန်းပမာဏ ၁၇ ရာခိုင်နှုန်း
မြင့်မားစေတယ်လို့ သုတေသနတချို့မှာတွေ့ရပါတယ်။

အညိုရောင်ချောကလက်
အညိုရောင်ချောကလက်ထဲမှာ ပါဝင်တဲ့ကိုကိုးက တက်စထရိုစတီးရုန်းပမာဏကို မြင့်မားစေပါတယ်။ ဒါ့အပြင် နှလုံးနဲ့ သွေးကြောရောဂါတွေ၊ ဆီချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပါတဲ့ အမိုင်နိုအက်စစ်ပမာဏ ကို ဖြည့်စွက်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အဆီဓာတ်တွေပါဝင်လို့ တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကို မြင့်မားစေပါတယ်။

 ထောပတ်သီး

ထောပတ်သီးထဲမှာ ကောင်းတဲ့အဆီဓာတ်တွေ များစွာပါဝင်ပြီး တက်စထရိုစတီးရုန်းထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါ့အပြင် တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကို မြင့်မားစေတဲ့ ဆီပျော်ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာပါဝင်ပါတယ်။

 မှို
မှိုမှာ ပိုလီဆက်ခရိုက်တွေ များစွာပါဝင်ပြီး မဟော်မုန်းဖြစ်ပေါ်မှုကို ဆန့်ကျင်ပေးတယ်လို့ လေ့လာမှုများ စွာအရသိရပါတယ်။ တက်စထရိုစတီးရုန်းဟော်မုန်းကနေ အီစထရိုဂျင်ဟော်မုန်းအဖြစ် ပြောင်းလဲမှုကို ဟန့်တားပေးတဲ့ အင်ဇိုင်းကို တားဆီးပေး
ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ များစွာပါဝင်လို့ တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကို မြင့်မားစေပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဒိန်ချဉ်ကိုပုံမှန်စားသုံးပါက တက်စထရိုစတီးရုန်းဟော်မုန်းပမာဏ မြင့်မားစေတဲ့အပြင်
ဝှေးစေ့အရွယ်အစားနဲ့ အလေးချိန်ကိုမြင့်မားစေတာ၊ အသက်ကြီးတာကြောင့်ဖြစ်တဲ့ ဝှေးစေ့ကျုံ့တာကနေ ကာကွယ်တာ၊ သုတ်ကောင်အရေအတွက် မြင့်မားစေတာ စတဲ့ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။

သလဲသီး
သလဲသီးဖျော်ရည်ကို နေ့စဉ်နှစ်ပတ်ဆက်တိုက်သောက်ပေးပါက သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ သွေးတွင်း မကောင်းတဲ့အဆီဓာတ်တွေ ကိုလျော့နည်းစေပြီးသွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ သလဲသီးမှာ ပါဝင်တဲ့ဒြပ်ပေါင်း တချို့ က အီစထရိုဂျင် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီထဲမှာ အင်တီအောက်ဆီးဒင့်တွေ၊ ဖိုက်တိုကယ်မီကယ်နဲ့ တက်စထရိုစတီးရုန်းဟော်မုန်းမြင့်မားစေတဲ့ ဒြပ်ပေါင်းတချို့ပါဝင်ပါတယ်။ အစာစားတဲ့အခါ ကြက်သွန်နီကိုက်စားတတ်တဲ့ အမျိုးသားတွေမှာ ဟော်မုန်းပမာဏ ၃၀ ရာခိုင်နှုန်း
မြင့်မားစေတယ်လို့ သုတေသနတွေမှာတွေ့ရတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူစားသုံးတာက ပါးစပ်နံတယ်ဆိုပေမယ့် ကြက်သွန်ဖြူထဲကနေ နိုက်ထရစ်အောက်ဆိုက် ရရှိနိုင်ပါတယ်။ ပရိုတင်းရရှိနိုင်လို့ တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကို မြင့်မားစေပါတယ်။

ကမာကောင်
ကမာကောင်က တက်စထရိုစတီးရုန်း မြင့်မားစေတဲ့အစာပါ။ ကမာကောင်မှာ ဇင့်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ကော့ပါးနဲ့ ဗီတာမင်ဒီများစွာပါဝင်လို့ တက်စထရိုစတီးရုန်း ဟော်မုန်းထုတ်လုပ်မှုကို မြင့်မားစေပါတယ်။ 

Ref:
အလင်း (ဆေးဝါး)
Arogyan Magazine 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18