Print

ဒူးနာခြင်း

  01-Mar-2017
Preview Image

ဒူးနာစေသောအကြောင်းရင်းများ
ဒူးနာစေတဲ့ အကြောင်းရင်းတွေထဲကမှ ရိုးရိုးသာမန် နာကျင်တာမျိုးတွေကတော့ ကိုယ့်ဘာသာကိုယ် ပျောက်အောင်လုပ်လို့ရလေ့ရှိပါတယ်။ ကိုယ်အလေးချိန်များတာ၊ ဝတာဟာ ဒူးပြဿနာဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ 

 

ဒူးရှေ့ဘက် နာကျင်စေသောအကြောင်းများ
• အဆစ်ရောင်ရောဂါ


• သွေးလေးဖက်နာ၊ ဂေါက်ရောဂါနဲ့ အရိုးနု၊ အဆစ်တွေရောင်ရမ်း ပျက်စီးတဲ့ရောဂါ။


• Baker’s cyst ဒူးနောက်ဘက်နေရာမှာ အရည်စုပြီး အိတ်လိုဖြစ်ခြင်းကြောင့် ရောင်ရမ်းခြင်း


• Bursitis (ဘာစိုင်းတစ်) ကြာရှည်ဒူးထောက်ခြင်း၊ ဒူးကို အားပြုတာများခြင်း၊ ထိခိုက်မိခြင်းကြောင့် ဒူးပေါ်မှာ ထပ်ခါတလဲလဲ ဖိအားများခြင်းကြောင့် ရောင်ရမ်းခြင်း။


• Lupus ရောဂါကဲ့သို့ မိမိဆဲလ်များကို မိမိခန္ဓာကိုယ်မှ မှားယွင်းတိုက်ထုတ်ခြင်းကြောင့် တွယ်ဆက်တစ်သျှူး ပျက်စီးပြီး အဆစ်များနာကျင်ခြင်း။


• ဒူးခေါက်ခွင့်နှင့် ဒူးဆစ်အံချော်ခြင်း။


• Iliotibal band syndrome ပေါင်ရင်းနားကနေ ဒူးဘေးထိ တွယ်ဆက်ထားတဲ့ think band ထိခိုက်မိခြင်းနှင့် ဆက်စပ်ပြီး ဒူးနာခြင်း။


• ဒူးဆစ်တွင်းပိုးဝင်ခြင်း။


• ဒူးကိုထိခိုက်မိခြင်း။ ဒူးအရှေ့ဘက်ရှိ Cruciate အရွတ်ပျက်စီးခြင်း (သို့) ဘေးဘက်အရွတ် ထိခိုက်မိခြင်းကြောင့် ဒူးထဲမှာ သွေးယိုပြီး နာကျင်ခြင်း။


• အရွတ်ရောင်ခြင်းကြောင့် လှေခါးအတက်အဆင်းလုပ်လျှင်၊ ကုန်းတက်လျှင် ဒူးရှေ့ပိုင်းမှ နာကျင်ခြင်း။


• အရိုးနုပြဲခြင်းကြောင့် ဒူးအတွင်းရော၊ အပြင်ဘက်မှာပါ နာကျင်ခြင်း။


• အရွတ်ပြဲခြင်းကြောင့် ဒူးနာပြီး ဒူးမခိုင်ခြင်း။


• ဒူးဆစ်လည်ထွက်ခြင်းကြောင့် အရွတ်ရောင်ခြင်း။


• အရိုးအကျိတ်ကဲ့သို့ အဖြစ်နည်းသော အခြေအနေကြောင့် နာကျင်ခြင်း။

 

အိမ်မှာကုသနိုင်သော နည်းလမ်းများ
စလုပ်ရမှာကတော့ ဒူးကို အနားပေးပါ။ နာကျင်မှုကို ပိုဆိုးစေမယ့် လှုပ်ရှားမှု မျိုးဖြစ်တဲ့ အလေးအပင်မတာမျိုး မလုပ်ပါနဲ့။ စနာတဲ့နေ့မှာ ရေခဲကပ်ပါ။ တစ်ခါကပ်လျှင် ၁၅ မိနစ်လောက်နဲ့ ၁ နာရီတစ်ခါ ကပ်ပါ။ တစ်ခါကပ်လျှင် ၁၅ မိနစ်လောက်နဲ့ ၁ နာရီ တစ်ခါကပ်ပါ။ နောက်နေ့ကျရင် တစ်နေ့လုံးကို အနည်းဆုံးလေးခါကပ်ပါ။ ဒူးကို ရောင်ရမ်းတာတွေကျတဲ့အထိ အမြင့်မှာ မြင့်နိုင်သလောက် မြှင့်ထားပါ။ ဒူးစွပ် (သို့) ပတ်တီးကို စည်းထားပါ။ ရောင်ရမ်းမှုကို ကျစေပြီး ဒူးဆစ်ကို ထိန်းပေးနိုင်ပါတယ်။ Mefenamic acid, Acetaminophen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ယာယီသောက်ထားပါ။ ရောင်ရမ်းနာကျင်တာကို သက်သာစေပါတယ်။ အိပ်တဲ့အခါ ဒူးအောက်နဲ့ ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးခုအိပ်ပါ။

 

ဒူးအသုံးပြုများခြင်း၊ လှုပ်ရှားမှုများခြင်းကြောင့် ဒူးနာသူများအတွက်
လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ပါ။ ပြီးရင် အကြောလျှော့ပါ။ ကုန်းပေါ်ကနေ ပြေးမဆင်းပါနဲ့။ လမ်းပဲလျှောက်ပါ။ ပြေးမယ့်အစား စက်ဘီးစီးပါ။ ရေကူးပါ ။ လေ့ကျင့်ခန်းလုပ်တာများနေရင် လျှော့ပါ။ ရိုးရိုးသံမံတလင်းအပေါ်အစား ချောမွေ့နူးည့ံတဲ့ မျက်နှာပြင်ရှိတဲ့ ပြေးစက်နဲ့ပြေးပါ။ အလွန်ဝနေတဲ့ သူတွေ ကိုယ်အလေးချိန်လျှော့ပါ။ ကိုယ်အလေးချိန် ၁ ပေါင် အပိုတက်တိုင်း ဒူးပေါ်ကို အလေးချိန် ၅ ပေါင်စာ ပိုပြီး ဝန်ပိစေပါတယ်။ မွေးရာပါခြေဖဝါးအခွက်မရှိဘဲ ပြားနေသူများအနေနဲ့ အထူးစီးမံထား တဲ့ဖိနပ် (သို့) arch support (orthotics) ကို အသုံးပြုပါ။ လေ့ကျင့်ခန်းလုပ်ရင် စီးမယ့်ဖိနပ်ကို မိမိခြေထောက်နဲ့ ကိုက်ညီတာ၊ သက်သောင့်သက်သာဖြစ်တာမျိုး စီးပါ။

 

ဆရာဝန်နဲ့ပြသပါ။

• သင့်ခန္ဓာကိုယ်ဒဏ်ကို ဒူးကမခံနိုင်တော့တဲ့အခါ၊
• ပြင်းထန်စွာ နာကျင်တဲ့အခါ (ကိုယ်အလေးချိန် မများသော်လည်း)၊
• ဒူးဆစ်မှ အသဲမြည်ခြင်း၊ ကွေးဆန့်ရခက်ခြင်း၊ ကွေးဆန့်မရတော့ခြင်းများဖြစ်တဲ့အခါ၊
• ဒူးဆစ်ပုံစံ ပျက်သွားတဲ့အခါ၊
• ဒူးဆစ်နာကျင်မှုနှင့်အတူ ဖျားနာခြင်း၊ သိသိသာသာရောင်ရမ်းခြင်း၊ နီရဲနေခြင်းများ ဖြစ်တဲ့အခါ၊
• ရောင်ရမ်းနာကျင်မှုနဲ့အတူ ထုံခြင်း၊ နာကျင်သော ဒူးအောက်ဘက် ခြေသလုံးနေရာ တွင် သွေးခြည်ဥသလို အရောင်ဖြစ်ခြင်းများ ဖြစ်တဲ့အခါ။ အိမ်မှာနေပြီး အိမ်သုံးဆေးများနှင့် ကုသတာ ၃ ရက်ထိ မသက်သာသောအခါ ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။


Credit:
ဒေါက်တာခင်မိုးမိုးအောင်
Ziwaka magazine, March 2014, Pg. 45-46



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18