Print

ပရိုဘိုင်အောတစ် (Probiotics)

  25-Feb-2017
Preview Image

 

ပရိုဘိုင်အောတစ်ကို လူများကြားဖူးကြပြီးသားဖြစ်သည်။ ကျန်းမာရေးအတွက် အရေးကြီးသော အကျိုးပြု ဗက်တီးရီးယားများကို ညွှန်းဆိုပါသည်။ အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်အောင်စားပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ မှန်မှန်လုပ်ဆောင်လျှင် ခန္ဓာကိုယ်၌ ကိုယ်အလေးချိန် အပိုအလျှံများ ရှိနိုင်မည်မဟုတ်ပေ။  သမားတော်ကြီးများနှင့် အာဟာရကျွမ်းကျင်ပညာရှင်များက အဝလွန်ကဲမှုပြဿနာမှာ အစာအိမ်နှင့် အူလမ်းကြောင်း၏ လုပ်ငန်းယိုယွင်းမှုနှင့် ဆက်နွှယ်သည် ဟု ပြောကြား ခဲ့ကြသည်။ အစာလမ်းကြောင်း၌ လူတို့အားအကျိုးပြုနေသော ဗက်တီးရီးယားပိုး မြောက် များစွာ ရှိသည်။

 

လူ့အကျိုးပြု ဗက်တီးရီးယားများ (ပရိုဘိုင်အောတစ်) သည် အစာခြေဖျက်စုတ်ယူမှု အတွက် အားပေးကူညီကြောင်း နှစ်ပေါင်းများစွာကပင် သုတေသနပညာရှင်များ က ဖော်ထုတ်တင်ပြခဲ့ကြသည်။ ပရိုဘိုင်အောတစ်သည် ခန္ဓာကိုယ်ရှိ ပိုလျှံနေသော အဆီများကို ဖယ်ရှားပစ်နိုင်သည်။ ကလီစာများရှိ အဆီဓာတ်များကို ၁၂ ပတ်တာ ကာလအတွင်း ၈ မှ ၉ ရာခိုင်နှုန်းထိ လျော့ကျသွားစေနိုင်သည်။ ဝမ်းဗိုက်အဆီများကို ဝမ်းဗိုက်အဆီများကိုလည်း ၁.၀ မှ ၃.၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်သည်။ 

 

ဒိန်ချဉ်သည် သဘာဝအားဖြင့် အကျိုးပြုဗက်တီးရီးယားများစွာ ပါဝင်သည့် အစားအစာဖြစ်သည်။ Probio Slim ခေါ် ပစ္စည်းသစ်တစ်မျိုးတွင် Lacto spore အကျိုးပြု ဗက်တီးရီးယားများ ပါဝင်သည်။ အစာခြေဖျက် စုပ်ယူမှုကို ကောင်းမွန် မှန်ကန်စေသည် ။ လေတက်၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကို သက်သာစေပြီး အရေပြား ဝင်းပစိုပြေစေနိုင်သည်။ ခန္ဓာကိုယ် ပီအိပ်ချ်မျှတမှုကို ဖြစ်စေသည်။ အဆီဓာတ်နှင့်ပတ်သက်သော ဇီဝဓာတုဖြစ်စဉ်များကို အားပေးကူညီနိုင်မှုကြောင့် ခန္ဓာကိုယ်အလေးချိန် ကျစေနိုင်သည်။ အစားအစာဆာလောင်မှုကို လျော့နည်းစေသည်။ အစားအစာ လွန်ကဲစွာစားသောက်မှုကို ဟန့်တားခြင်းဖြင့် ကိုယ်အလေးချိန် မှန်ကန်အောင် ထိန်းသိမ်းပေးရာရောက်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးဆိုင်ရာ သတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18