Print

ကာလသားရောဂါဖြစ်တဲ့အခါ မလုပ်သင့်ပေမယ့် လုပ်နေကြတဲ့ လူနာတွေရဲ့ အပြုအမူမျ...

  25-Feb-2017
Preview Image

ကာလသားရောဂါဖြစ်တဲ့အခါ အပျော်အပါး မလိုက်စားသင့်ဘဲ လိုက်စားနေကြ တာတွေ တွေ့ရပါတယ်။ နောက်တစ်ခုက ရောဂါမပျောက်မချင်း အိမ်ထောင်ဖက်နှင့် လိင်မဆက်ဆံရဘူး။ ဒါကို မလိုက်နာတာလည်း ရှိတတ်ပါတယ်။ ရောဂါကို ကုသမှုပေး ချိန်မှာလည်း ရောဂါပျောက်တဲ့အထိ သေချာအောင် မကြာခဏ ဆေးပြန်စစ်ပြီး ကုသမှုပေးရပါမယ်။ ကာလသားရောဂါရဲ့ ထူးခြားချက်တစ်ခုက ရောဂါက ချက်ချင်းမပျောက်ပါဘူး။ ဆစ်ဖလစ်ကို ကုသပြီးချိန်မှာ ချက်ချင်းပြန်စစ်လိုက်ရင် postitive က postitive ပဲ ဖြစ်နေပါလိမ့်မယ်။ 

 

ထုံးစံက ဆေးထိုးပြီး နောက်သုံးလနေမှ ပြန်စစ်ဆေးရမှာဖြစ်ပါတယ်။ သွေးထဲမှာ ပမာဏနည်းသွားသလားဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၃ လနှင့်လည်း ပျောက်ချင် မှပျောက်မှာဖြစ်ပါတယ်။ တချို့လူနာတွေမှာ နှစ်နှင့်ချီပြီး ရှိနေတတ်ပါတယ်။ ဒါကြောင့် ကုသမှုခံယူပြီးတဲ့အခါ ပမာဏ လျော့နည်းသွားသလားဆိုတာကို ၃ လတစ်ခါ၊ ၆ လတစ်ခါ ပြန်ပြန်စစ်နေရပါတယ်။ ပမာဏလျော့သွားတယ်၊ မတိုးဘူးဆိုရင် သက်သာတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ပမာဏမလျော့ဘဲ ပြန်တိုးလာတယ်ဆိုရင် ဆေးယဉ်တာလား၊ ဆေးကို မှန်မှန် မထိုးမိလို့လားဆိုတာကို ပြန်ဆန်းစစ်ပြီး လိုအပ်ရင်ဆေးကို ပြန်ထိုးပေးရပါမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.268, November 2014, Pg 57



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18