Print

ချွေးထွက်များခြင်းမှ ရှောင်းရှားနိုင်စေရန်

  25-Feb-2017
Preview Image

 

အပူအစပ်နှင့် ကဖင်းစားသောက်မှုကိုလျှော့ချပါ
အပူအစပ်လွန်ကဲတဲ့ အစားအသောက်တွေကို စားသုံးမယ့်အစား အနံ့ အရသာ ပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။

 

ရေချိုးရာတွင် ဂရုစိုက်ပါ
သင့်ခန္ဓာကိုယ်မှ ထွက်တဲ့အနံ့က စူးစူးရှရှ ဖြစ်နေပါက ရေချိုးဆပ်ပြာကို ဘက်တီးရီးယား ပိုးသတ်အာနိသင်ရှိတဲ့ ဆပ်ပြာကို ရွေးချယ်အသုံးပြုပါ။ အရေပြားပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေက ချွေးနဲ့ပေါင်းပြီး ခန္ဓာကိုယ်မှာ အနံ့စူးစူးရှရှ ုဖြစ်ပေါ်တတ် တာကြောင့်ပါ။

 

အဝတ်အစားကိုရာသီဥတုနှင့် ကိုက်ညီအောင်ဝတ်ဆင်ပါ
ချည်ထည်ပွပွ ချောင်ချောင်အင်္ကျီတွေက လေဝင်လေထွက်ကောင်းတာကြောင့် ခန္ဓာကိုယ်ကို အေးမြနေစေပြီး ချွေးထွက်နည်းစေပါတယ်။

 

ဖိစီးမှုကိုလျှော့ချပါ
စိတ်ဖိစီးမှုကြောင့် ချွေးထွက်များစေပြီး ချွေးထွက်များတာကြောင့်လည်း စိတ်ဖိစီးမှု ကို ဖြစ်စေပါတယ်။

 

ချွေးနံံ့ပျောက်ဆေးကိုမှန်ကန်စွာ ရွေးချယ်ဝယ်ယူပါ
အလူမီနီယမ်ကို အခြေခံပြုလုပ်ထားတဲ့ ချွေးနံ့ပျောက်ဆေးတွေက ချွေးထွက်စေတဲ့ ဂလင်းတွေကို တားဆီးပါတယ်။ ညမအိပ်ခင်မှာ အရေပြားကိုခြောက် သွေ့အောင် ပြု လုပ်ပြီး ချွေးနံ့ပျောက်ဆေးကို လိမ်းထား နိုင်ပါတယ်။

 

ပတ်ဝန်းကျင်ကို အေးမြအောင် ဖန်တီးပါ
သင့်အိမ်တွင်းမှာ၊ အလုပ်လုပ်ရာနေရာမှာ အပူချိန်နည်းအောင် ဖန်တီးထားတာ က ချွေးထွက်နည်းစေပါသည်။

 

ကျန်းမာအောင်နေထိုင်ပါ
အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေက ချွေးထွက်များစေပါတယ်။

 

အဝတ်အစားများကို သန့်စင်စွာလျှော်ဖွပ်ဝတ်ဆင်ပါ
သင့်အဝတ်အစားတွေ ကြေးကင်းစင်ပြီး သန့်စင်အောင် လျှော်ဖွပ်ဝတ်ဆင်ပါ။

 

အတွင်းခံများကို ပုံမှန်လဲလှယ်ပါ
အတွင်းခံအဝတ် အစားတွေကိုကြေးကင်းစင်အောင် လျှော်ဖွပ်ပြီးပုံမှန် လဲလှယ် ဝတ်ဆင်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: အာရောဂျံ

 



Related Articles


Advertisment 18