Print

သွေးတွင်း သကြားဓာတ်လျော့နည်းခြင်း

  07-Oct-2018
Preview Image

Aims
ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို အမြန်ဆုံးဖြည့်ပေး၍ လိုအပ်ပါက ဆေးကုသမှု အလျင်အမြန် ရယူနိုင်ရန်။

Introduction
ပုံမှန်ရှိသင့်ထက် ပမာဏထက် သကြားဓာတ်လျော့နည်းခြင်းဟာ ဦးနှောက်ရဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ Hypoglycaemia (ဟိုက်ပိုဂလိုင်စီးမီးယား) ဆီးချိုရှိတဲ့သူ၊ အတက်ရောဂါ ဖြစ်ပေါ်တဲ့ အခါတွေမှာ အဝအပြဲစားသောက်ပြီးအချိန်မှာလည်း ဖြစ်တတ်ပါတယ်။ Heat exhaustion အပူကြောင့် လူပင်ပန်ခြင်းနဲ့ ကိုယ်အပူချိန်ကျဆင်းတဲ့ (Hypoglycaemia)
တွေမှာလည်း တွေ့ရတတ်ပါတယ်။

Recognition

• ဆီးချိုရောဂါရှိတဲ့သူတွေမှာ Hypo ဝင်တတ်ပါတယ်။
• ဗိုက်ဆားအားနည်း၊
• ခြေလက်တုန်၊ ရင်တုန်
• စိတ်ရှုပ်၊ ရန်လိုတဲ့ ပုံပေါ်လာတယ်
• ချွေးထွက်၊ ခြေလက်အေးစက်
• သွေးခုန်နှုန်းမြန်
• လူနာက အင်ဆူလင်ထိုးထားကြောင်းပြောတဲ့ အခါရှိပါလိမ့်မယ်။

Treatment
လူနာကို ထိုင်ခိုင်း (သို့) လှဲနေခိုင်းပါ။ သောက်စရာအချိတစ်ခုခု အချိုရည်၊ ချိုချဉ်၊ သကြားရည် တစ်ခုခုတိုက်ပါ။ လူနာက ပြန်ပြီး ကောင်းလာတဲ့ ပုံပေါ်ရင် သူတို့ လုံးဝကောင်းလာတဲ့အထိ အချိုရည်၊ များတိုက်ပါ။ ပြန်မကောင်းလာဘူးဆိုရင် လူနာရဲ့ တုန့်ပြန်မှုကိုကြည့်ပြီး အခြားဖြစ်နိုငခြေကို စဉ်းစားပါ။ ဆေးရုံအမြန်ပို့ဖို့လုပ်ပါ။လူနာက သတိလစ်သွားရင် အသက်မရှူတော့ရင် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပါ။ အသက်ရှူမရှူစစ်ဆေးပါ။ ရင်ဘတ်ပေါ် လက်နှစ်ဖတ်နှင့်ဖိပြီး အသက်မရှူရင် ပါးစပ်မှ လေသွင်းရှူပေးပါ။ လူနာက သတိလစ်သွားပြီး ပုံမှန်အသက်ရှူနေသေးရင် Recovery position (ရီကာဗာရီ ပိုစင်ရှင်) မှာထားပြီး ဆေးရုံကား အမြန်ခေါ်ပါ။ လူနာဘေးမှာ ဆေးရုံမရောက်မခြင်း အသက်ရှူပုံ၊ သွေးခုန်နှုန်း၊ သတိလည်မလည်ကိုတွေကို အမြဲစောင့်ကြည်စစ်ဆေးနေပါ။ အရေးပေါ်ဌာနရောက်လျှင် ရောဂါဖြစ်စဉ်ကို ပြောပြနိုင်ပါလိမ့်မည်။

Ref: Myanmar First Aid

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18