Print

TYPHOID (သို့) တိုက်ဖွိုက်ရောဂါ

  31-Aug-2018
Preview Image

Salmonella Tyohi လို့ခေါ်တဲ့ ဗက်တီးရီးယားကြောင့် အပြင်းအထန် ဖျားနာပြီး အသက်သေဆုံးတဲ့ထိ အခြေအနေဆိုးပါတယ်။ CDC လေ့လာချက်တွေအရ ဒီရောဂါပိုးဟာ အသက်ရှင်နေထိုင်နိုင်တယ်လို့ သိရပါ တယ်။ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်တာဖြစ်ပြီး ရောဂါဖြစ်ပွားပြီးလို့ လက္ခဏာတွေ ပျောက်ကင်းသွားတယ် ဆိုတာတောင် Sarmonella Typhi ပိုးတွေဟာ မစင်ထဲမှာ ဆက်လက်ရှင်သန်နေနိုင်ပါတယ်။ ဒီတော့ ထိရောက်သေချာတဲ့ သန့်ရှင်းမှုမရှိတဲ့ နေရာဒေသတွေမှာ တိုက်ဖွိုက်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

ရောဂါလက္ခဏာများ
ဖျားနာတဲ့အခါ ကိုယ်အပူချိန် ၃၉-၄၀ ဒီဂရီ စင်တီဂရိတ်ထိ တက်ပါတယ်။ အစာအိမ်အောင့်ခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ် ရှိခြင်း၊ အနီရောင်အကွက်များ အရေပြားမှာ ထွက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဖြစ်ပွားတတ်သည့်နေရာများ
အာရှတိုက် တောင်ပိုင်းဒေသတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ အာဖရိကန်၊ ကာရေဘီယမ်တစ်လျှောက်၊ အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်အမေရိကတိုက်တို့မှာ တွေ့ရပါတယ်။

ကြိုတင်ကာကွယ်နိုင်ရန်
- တိုက်ဖွိုက်ရောဂါ ကာကွယ်ဆေးတွေ ရှိတာကြောင့် ခရီးမသွားခင် ကြိုတင်ထိုးနှံနိုင်ပါတယ်။
- ရေသန့်က ရေကိုသာ သောက်သင့်ပြီး အပြင်ကသောက်မယ်ဆိုရင်လည်း စနစ်တကျကျိုချက်ပြီးမှ သောက်သုံးသင့်ပါတယ်။
- အပြည့်အဝကျက်တဲ့ အစာတွေ၊ ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အစာတွေသာစားပါ။
- သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ စားမယ်ဆိုရင်လည်း အခွံမခွာရသေးတာတွေ ရွေးစားပါ။
- လမ်းဘေးမှာရောင်းတဲ့ ဒေသအစားအစာတွေ ဖြစ်နိုင်ရင်ရှောင်ပါ။

Ref:
အိဖြူ (ဆေးဝါးတက္ကသိုလ်)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18