Print

အရေးအကြောင်း ထာဝရကင်းစင်စေရန်

  29-Aug-2018
Preview Image

(၁) Moisturizerကို ပုံမှန်အသုံးပြုပေးပါ။ အဆီများကို အရေပြားက အရေးအကြောင်းဖြစ်ဖို့မလွယ်ပါဘူး။ လေအေးပေးစက်ကလေတွေက အရေပြားကို ခြောက်သွေ့စေတာသိရှိထားပေးပါ။ အဲဒီအစားဖြစ်နိုင်ရင် လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကိုဖွင့်ထားပေးပါ။

(၂) နဖူးပေါ် လက်တင်တာမျိုးကိုတော့ ရှောင်ကြည်ပါ။ ဒီလိုပြုလုပ်တာဟာ နဖူးပြင်အရေပြားကို ဆွဲဆန့်သလို ဖြစ်စေပါတယ်။

(၃) မျက်နှာပေါ်က မိတ်ကပ်တွေဖျက်တဲ့အခါ ညင်ညင်သာသာပြုလုပ်ပါ။ မျက်ဝန်းအိမ်နေရာဟာ အရေးအကြောင်းဖြစ်နိုင်တဲ့ ပထမဆုံးနေရာတွေပါ။ မျက်လုံးအောက်နေရာတွေကို ပွတ်မိခြင်းမျိုး၊ ဆွဲမိခြင်းမျိုးတော့ လုံးဝမလုပ်မိပါစေနဲ့။

(၄) နံနက် ၁၁နာရီကနေ ညနေ ၃နာရီအတွင်းမှာ နေပူထဲထွက်မည်ဆိုရင် ဦးထုပ် ဒါမှမဟုတ် ထီးကို အသုံးပြုပေးပါ။ ဒါ့အပြင် Sunscreen Lotion ကို မဖြစ်မနေအသုံးပြုပေးပါ။

(၅) နေရောင်ခြည်ကြောင့် မျက်စိစူးကာ နဖူးကြောရှုံခြင်း မဖြစ်ရစေရန် မျက်လုံးထိခိုက်တာမျိုး မဖြစ်ရအောင် နေကာမျက်မှန်တပ်ပါ။

(၆) မျက်နှာပြင် အရေအပြားကို မကြာခဏ အဟာရဓာတ်များပေးပါ။ အထူးသဖြင့်တစ်ပတ်ကို တစ်ကြိမ်လောက်နှင့် တစ်ကြိမ်ကို ၁ဝမိနစ်လောက်ကို မီးဖိုထဲမှာရှိတဲ့ အသီးတစ်မျိုးမျိုးကို အရည်ပြုလုပ်ပြီး လိမ်းထားပေးပါ။ ဒါ့အပြင် ကြက်ဥအနှစ်ဟာ အာဟာရအလွန်ပြည့်ဝတဲ့အတွက် ၎င်းကိုလည်း သုပ်လိမ်းပေးနိုင်ပါသေးတယ်။

(၇) ဒါ့အပြင် Anti-ageing လိမ်းဆေးမျိုးကိုလည်းလိမ်းပေးပါ။

(၈) ပဲပိစပ်နှင့် စားတော်ပဲတို့မှာ အရေးအကြောင်းကို ကာကွယ်ပေးတဲ့အဟာရဓာတ်တွေ ပါဝင်နေတဲ့အတွက် စားသုံးပေးသင့်တယ်။

(၉) နောက်တစ်ချက်ကတော့ ယောဂလေ့ကျင့်ခန်းပါပဲ။ အဲဒီလေ့ကျင့်ခန်းတွေထဲကမှ ကြိုက်နှစ်သက်ရာ သုံးမျိုးလောက်ကို စွဲစွဲမြဲမြဲပြုလုပ်ပေးပါ။

Ref:
Health For All Magazine

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18