Print

ငရုတ်သီးပွအစွမ်း

  21-Mar-2017
Preview Image

ငရုတ်သီးပွ၏ ဂုဏ်သတ္တိမှာ အနည်းငယ် ပူစပ်၏ နှလုံးနဲ့သရက်ရွက်ကို အကျိုးပေးနိုင် သည်။ 

 

စားသုံးသင့်သူများ
ငရုတ်သီးပွကို အသက်ကြီးငယ်မရွေး စားနိုင်သည်။ အထူးသဖြင့် အအေးမိလွယ်သူများ၊ ခုခံအား ကျဆင်းနေသူများ၊ အစာမကြေသူများ၊ ဝမ်းချုပ်သူ၊ ပင်ပန်းနွမ်းနယ်တတ်သူများ၊ ဖိအားများသူများ စားသင့်ပါသည်။ 

 

မစားသင့်သူများ
ငရုတ်သီးပွကို လိပ်ခေါင်းရောဂါရှိသူများ၊ ပြည်တည်နာရှိသူများ မစားသင့်ပါ။ 

 

ပါဝင်သောဓာတ်များ
ငရုတ်သီးပွထဲတွင် ဆယ်လူကို့စ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ခယ်လီယမ်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်ဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။

 

ကောင်းကျိုး
ငရုတ်သီးပွကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်ထုံကျဉ် ကိုက်ခဲခြင်းကို သက်သာစေမည်။ အိုမင်းမှုကို ခုခံပေးနိုင်သည်။ အရေပြားကို ကာကွယ်ပေးနိုင်သည်။ ငရုတ်ပွသီးကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်ဆဲလ်များအတွင်းရှိ အဟောင်းပျက်၊ အသစ်ဖြစ်ပေါ်ခြင်း ဖြစ်စဉ်အတွက် အထောက်အကူများစွာပေးနိုင်သည်။ ငရုတ်ပွသီးကို စားပေးခြင်းဖြင့် ကင်ဆာရောဂါကို ကျဆင်းစေသည်။  ကင်ဆာရောဂါကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်သည်။ အူမကြီးကို ထိုးဆွပေးနိုင်သောကြောင့် အစာကြေစေရန် ကူညီပေးနိုင်သည်။  ငရုတ်ပွသီးထဲတွင် ဗီတာမင်ပါသောကြောင့် အရေပြားခြောက်သွေ့နေခြင်းကို ကောင်းမွန်စေရန် ပြန်လုပ်ပေးနိုင်သည်။ 

 

အမြင်အာရုံကိုလည်း ကြည်လင်စေမည်။ ကိုလက်စထရောကို ကျဆင်းစေမည်။ သွေးတိုးရောဂါနှင့် သွေးကြောမာခြင်း ကို ကောင်းမွန်စေရန် ပြုလုပ်ပေးနိုင်သည်။  ငရုတ်သီးပွထဲတွင် ဗီတာမင်ဓာတ်ပါသောကြောင့် ကိုယ်ခံအားကို ပြန်လည်ကောင်းမွန်မည်။ ဆဲလ်များကို ရှင်သန်စေသည်။ ငရုတ်သီးပွထဲတွင် ဗီတာမင်စီဓာတ်ပါသောကြောင့် အဆစ်ရောင်ခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ အလာဂျီမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးသည်။ ငရုတ်သီးပွစားပေးပါက လည်ချောင်း၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း၊ အဆုတ်ပိုင်း၊ အစာအိမ်၊ အူမကြီးတို့ကိုလည်း ကျန်းမာစေနိုင်ပါသည်။ အအေးမိခြင်း မဖြစ်စေရန် ကြိုတင်ကာကွယ်ပေးနိုင်သည်။

 

Credit:
ယမုံအေး (စမ်းချောင်း)
Ziwaka magazaine, July 2016

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18