Print

လက်ရှိအသက်အရွယ်တွင် အဓိကလိုအပ်သော အာဟာရဓာတ်များနှင့် စားသင့်သော အစားအစ...

  01-Mar-2017
Preview Image

 

အသက် ၂၀-၃၀ နှစ်
ခန္ဓာကိုယ်အနေအထားနှင့် ကျန်းမာရေးဒီအသက်အရွယ်က အလုပ်များတဲ့အရွယ်ပါ။ ပါတီပွဲတွေ တက်ရောက်ရတာ၊ အိမ်ထောင်ကျပြီးသူတွေက သားသမီးယူဖို့ ပြင်ဆင်ကြတာ၊ တစ်ချို့လည်း သားသမီးရယူပြီးလို့ သားသမီးတွေ ထိန်းကျောင်းရတာ၊ လူမှုပေါင်းသင်းဆက်ဆံရေးတွေ လုပ်ဆောင်ရတာနဲ့ ဒီအရွယ်ကတော့ အလုပ်အများဆုံးလို့ ဆိုရမှာပါ။ ဒီအရွယ်မှာ စွမ်းအင်အမြင့်ဆုံး လိုအပ်တာကြောင့် ပရိုတင်းဓာတ်ကို အဓိကပါဝင်အောင် စားပါ။ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အချိုစာတွေ၊ ဆီကြော်စာတွေ၊ ပုံပြောင်းအဆီတွေ စားသုံးတာက နှလုံးရောဂါ၊ ဆီးချို ၊ သွေးချိုရောဂါတွေကို ဖြစ်ပွားစေပါတယ်။ ဒီအရွယ်မှာ လစဉ်ရာသီသွေးဆင်းတာကြောင့် သံဓာတ်ချို့တဲ့တာ ဖြစ်ပေါ်တတ်ပါတယ်။

 

စားသောက်ရန် အသင့်တော်ဆုံးအစားအစာ
၁။ ငှက်ပျောသီး

မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ဓမ္မတာ မလာမီ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ 

 

၂။ လိမ္မော်သီး

ဗီတာမင်စီ အပြည့်အဝ ရရှိနိုင်ပြီး အရိုး၊ အရိုးနု၊ ကြွက်သား၊ သွေးကြောတွေအတွက် လိုအပ်တဲ့ ကိုလာဂျင်ဖြစ်ပေါ်စေဖို့ အားပေးကူညီနိုင်ပါတယ်။ 

 

၃။ ဟင်းနုနယ်

ဖောလိတ်များစွာ ရရှိနိုင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်ဖြစ်တာကြောင့် အမျိုးသမီးတွေ ဒီအရွယ်မှာ အစားသင့်ဆုံးပါ။ 

 

၄။ အဆီများသောငါး

လတ်လတ်ဆတ်ဆတ် ငါးဖြစ်စေ၊ ငါးသေတ္တာဗူးဖြစ်စေ စားသုံးနိုင်ပါတယ်။ 

 

၅။ ဒိန်ချဉ်

ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီကို ရရှိစေပြီး အသက်ကြီးလာချိန်မှာ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

 

၆။ ပရိုတင်း

ပရိုတင်းဓာတ် ရရှိစေဖို့ ကြက်သားနဲ့ အဆီဖယ်ထားတဲ့ အမဲသား စားပါ။

 

၇။ ကောက်နှံကွေကာ

ကောက်နှံတစ်ခုလုံးပါဝင်စာကို စားသုံးတာက ဆာလောင်မှုကို လျော့နည်းစေပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပါတယ်။

 

ရှောင်ကြဉ်သင့်သော အမှားများ


(၁) ကော်ဖီ၊ အချိုရည်၊ အရက်စတာတွေကို အလွန်အကျွံ မသောက်ပါနဲ့။ ခန္ဓာကိုယ်အတွက် အာဟာရ ရရှိမှုနဲ့ ကယ်လ်စီယမ် စုပ်ယူမှုကို အဟန့်အတားဖြစ်စေတာကြောင့်ပါ။

 

(၂) အစားအသောက်ကို နပ်ကျော်ပြီးစားတာ၊ တစ်ကြိမ်တည်း အလွန်အကျွံ စားသောက်တာတွေ ရှောင်ပါ။ သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲများစေလို့ပါ။

 

(၃) ကိုယ်အလေးချိန်လျှော့ချဖို့ အစာမစားပဲနေတာ၊ အစာကို အလွန်အကျွံရှောင်တာမျိုးတွေ မလုပ်ပါနဲ့။ 


Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, December 2013, Pg. 18



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18