Print

ဆီးကျိတ်ကင်ဆာရောဂါ ရပ်ဆိုင်းစေမည့် ငါးအဆီ

  01-Mar-2017
Preview Image

ငါးအဆီသည် အမျိုးသားများ၏ ဆီးကျိတ်ကင်ဆာရောဂါ တိုးတက်ဖြစ်ပွားမှုကို အင်အားကြီးမားသော ပုံစံတစ်မျိုးဖြင့် ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။ ဓာတ်ခွဲခန်း စမ်းသပ်မှုများအရ ဆဲလ်မွန်ငါးကဲ့သို့သော ပင်လယ်ငါးများတွင် Omege-3 အဆီများ ပါဝင်ပြီး ဆီးကျိတ်ကင်ဆာရောဂါ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ယခင်က သုတေသနတွင်း Mackerel ခေါ် ပင်လယ်ငါးတစ်မျိုးနှင့် လတ်ဆတ်သော Tuna ငါးများတွင် ပါဝင်သည့် Omega-3 အဆီသည် ကင်ဆာရောဂါ အန္တရာယ်ကို တားဆီးကာကွယ်နိုင်ကြောင်းနှင့် နှလုံးရောဂါကဲ့သို့သော အခြားရောဂါများအတွက်လည်း အကျိုးရှိကြောင်း အကြံပြုခဲ့ကြသည်။ ထို့ပြင် ဟင်းသီးဟင်းရွက် အဆီများ၊ ပဲအမျိုးမျိုးနှင့် 
အစေ့အမျိုးမျိုးတို့၏ အဆီများတွင် ပါဝင်သော Omega-6 အဆီများသည် ကျန်းမာရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်းလည်း ဖော်ပြခဲ့ကြသည်။ 

 

Omaga-3 နှင့် Omega-6 အဆီနှစ်မျိုးတို့သည် ကျန်းမာရေးအတွက် ကောင်းမွန်သည်မှာ ဖြစ်နိုင်ကြောင်း၊ Omaga-3 အဆီထက်ဝက်နှင့် Omaga-6 အဆီထက်ဝက်တို့သည် ကင်ဆာဆဲလ်များ ဖြစ်ပွားမှုကို ရပ်တန့်နိုင်သည့် အခြေအနေတွင်ရှိကြောင်း ပြောကြားသည်။ အစားအစာ စံချိန်ညွှန်း အေဂျင်စီကမူ အမျိုးသားများသည် ရက်သတ္တပတ်တစ်ပတ်လျှင် အဆီများသောငါး လေးမျိုးခန့် စားသင့်ကြောင်း ထောက်ခံထားသည်။


Credit:
မျိုးအောင်ဆွေ (ဆေး-သု)
Health for all magazine, November 2015, Pg. 115



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18