Print

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာသည်သာ အဓိက

  01-Mar-2017
Preview Image

 

ဝခြင်းသည် ကျန်းမာရေးအတွက် အဓိကစိန်ခေါ်မှုကြီးတစ်ရပ်အဖြစ်လက်ခံထားသည် ။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ ကင်ဆာရောဂါ စသည်တို့သည် အဝလွန်ကဲခြင်းနှင့် ဆက်နွှယ်ပတ်သက် လျက်ရှိသည်။ ဝခြင်းကို ကာကွယ်တိုက်ဖျက်ရန် သိပ္ပံပညာရှင်များက အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက် ရှိကြသည်။ ဝခြင်းကို အနိုင်တိုက်ဖို့ဆိုသည်ကား အလှမ်းဝေးနေဆဲဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုနှင့် အစားအစာ ဆင်ခြင်စားသုံးမှုတို့ ပြုလုပ်ရန် တိုက်တွန်းလျက် ရှိသည်။ ဆေးဝါးကုထုံးများ၊ ခွဲစိတ်ကုထုံးများနှင့် အခြား နည်းလမ်းများစွာဖြင့်လည်း ကုသလျက်ရှိကြသည်။ အဝလွန်ကဲမှုကို တိုက်ဖျက်ရာ၌ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းသည် အဓိကသော့ချက် မဟုတ်ဟု ဆရာဝန်တချို့က ထုတ်ဖော်ပြောဆို လိုက်ကြသည်။

 

သကြားဓာတ်နှင့် ကစီဓာတ်လွန်ကဲခြင်းသည် အဝလွန်ကဲမှုအတွက် အဓိကသော့ချက်ဟု ဆိုလိုက်သည်။ အစားအသောက်ကို ကျန်းမာရေးနှင့် ညီညွတ်မှုရှိအောင် မစားသုံးကြ ဘဲ လေ့ကျင့်ခန်းလုပ်ရုံဖြင့် အကျိုးရှိမည်မဟုတ်ဟု လန်ဒန်မှ နှလုံးအထူးကုဆရာဝန် Dr Aseem Malhotra က ပြောကြားခဲ့သည်။ ခန္ဓာကိုယ်အလေးချိန် ပုံမှန်ရှိသော်လည်း ဆေး လိပ်သောက်ခြင်း၊ အချိုရည်များ သောက်သုံးခြင်းကြောင့် အန္တရာယ်ရှိနေမည်ဖြစ်သည်။သကြားမှစွမ်းအင် ၁၅၀ ကယ်လိုရီပိုမျှသုံးစွဲလျှင် သွေးချိုဆီးချို ရောဂါဖြစ်ရန် အခွင့်အလမ်း ၁၁ ထိပင် ပိုနိုင်သည်ဟု ဆိုသည်။ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော အစားအစာများ စားသုံးခြင်းသည် ကိုယ်လက် လှုပ်ရှားမှုနည်းခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနှင့် 
ဆေးလိပ်၊ စီးကရက်သောက်ခြင်းတို့ထက် အန္တရာယ်ပိုများသည်။ ဝခြင်းကို ထိန်းချုပ်ကာကွယ်ရန်အတွက် အရေးကြီးဆုံးမှာ အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်အောင် စားသုံးခြင်းပင် ဖြစ်သည်။ 


Credit:
ဒေါက်တာအေးကျော်
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18