Print

ကျန်းမာခြင်းသုခရရှိဖို့ အစားအစာကို ဘယ်လိုစားမလဲ

  01-Mar-2017
Preview Image

 

အသည်းကို အထောက်အကူပြုပေးနိုင်သော အစားအစာများကို စားသုံးပါ။အသည်းဟာ လူသားတို့ရဲ့ ခန္ဓာကိုယ်အတွက် အလုပ်ပေါင်းများစွာကို လုပ်ဆောင်ပေးနေတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါတယ်။ အသည်းကျန်းမာစေရေးအတွက် မှန်ကန်တဲ့ အစားအစာများကို ရွေးချယ်စားသုံးနိုင်ဖို့ အရေးကြီးပါတယ်။ အော်ဂဲနစ်လို သဘာဝနည်းနဲ့ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်များကို ဦးစားပေး စားသုံးပါ။ ထမင်းဟင်းတွေကိုလည်း ရိုးရိုးရှင်းရှင်း ချက်ပြုတ်စားသုံးပါ။ နည်းပညာတချို့ အသုံးပြုကာ အသင့်စားနိုင်အောင် လုပ်ဆောင်ထားတဲ့ အစားအသောက်မှန်သမျှဟာ ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေ၊ တာရှည်ခံဆေးတွေ ပါဝင်တာကြောင့် အသင့်စားနိုင်တဲ့ အစားအစာတွေကို အများ အပြား စားသုံးမယ်ဆိုရင် အသည်းကို ဝန်ပိကာ ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် ဆီနဲ့ကြော်ထားတဲ့ အစားအသောက်၊ ကိတ်မုန့်နဲ့ ကွတ်ကီးမုန့်တွေဟာ အဆီပါဝင်မှု၊ အချို (သကြားဓာတ်) ပါဝင်မှုများလို့ အသည်းရဲ့ အဆိပ်အတောက် ခြေဖျက်နို်င်စွမ်းကိုကျဆင်းစေလို့ မစားဘဲနေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

 

အအေးများ၊ အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အမြှုပ်ပါ အအေးတွေကို မသောက်ပါနဲ့။ ဒီအအေးတွေမှာ ဖော့စဖိတ် ဓာတ်တွေ အများအပြား ပါဝင်လို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကို လျော့နည်းသွားစေနိုင်ပါတယ်။ရေကိုသာ များများသောက်ပေးပါ။ သင်နှစ်သက်ရာ သစ်သီးတွေရဲ့ အရည်ကို ညှစ်ယူပြီးဖျော်ရည်အဖြစ် သောက်သုံးပါ။ အသီးအနှံများဖြစ်တဲ့ စပျစ်သီး၊ အနက်ရောင် ဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ တစ်ခြားဘယ်ရီသီး မှန်သမျှဟာ အသည်းရဲ့လုပ်ဆောင်ချက်များကိုအထောက်အကူပြုပေးပါတယ်။ အနှံပင်များ၊ ဟင်းသီးဟင်းရွက်နဲ့ ပဲတောင့်တွေဟာ ချိုတဲ့အရသာ ရှိပေမယ့် သဘာဝအချိုဓာတ် ဖြစ်တာကြောင့် အသည်းအတွက်ကောင်းမွန်တဲ့ အစားအစာများ ဖြစ်ပါတယ်။ 

 

လူတွေဟာ မောပန်းနွမ်းနယ်တဲ့အခါ (ဒါမှမဟုတ်) ဖိစီးမှုတွေ ခံစားရတဲ့အခါ ချိုတဲ့ဖျော်ရည်၊ လက်ဖက်ရည်နဲ့ ကော်ဖီတို့လိုအရာတွေကို သောက်သုံးလိုစိတ် ပြင်းပြသလိုသောက်လည်းသောက်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း ရေခဲမုန့် ၊ ချောကလက်၊ကိတ်မုန့်နဲ့ ကွတ်ကီးမုန့်တွေကို စားသုံးတတ်ကြပါတယ်။ အဲဒီအစားအစာတွေဟာ သကြားပါဝင်မှု အလွန်များပါတယ်။ အချိုစားချင်စိတ် ဖြစ်ပေါ်ရင် အချိုဓာတ်ပါဝင်တဲ့ဟင်းသီးဟင်းရွက်တစ်ချို့ကိုသာ စားသုံးပါ။ ဥပမာ- ကန်စွန်းဥ၊ မုန်လာဥနီ၊ဆာလ်ဖာပါတဲ့ အစားအစာများ၊ ဟင်းသီးဟင်းရွက်တွေဟာ အသည်းကို တည်ဆောက်ပြုပြင်ပေးတဲ့ အင်ဇိုင်းဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် - 


- ပန်းဂေါ်ဖီစိမ်း
- အစေ့အဆန်များ ( နေကြာစေ့၊ ရွှေဖရုံစေ့၊ သစ်ကြားသီး)
- ဂေါ်ဖီထုပ်
- မုန်လာဥ၊ ခါးဖုသီး၊ နို နှင့် ဥတို့ကို စားသုံးပေးပါ။

 

Credit : January 2015 – wellness



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18