Print

ခုခံစွမ်းအားစနစ်ကို ကောင်းစေသော အစားအစာများ

  01-Mar-2017
Preview Image

(၁) အမည်းရောင် ဘယ်ရီသီးများ

အမည်းရောင် ဘယ်ရီသီးများသည် တုပ်ကွေး ဗိုင်းရပ်စ်ပိုးများကို ဟန့်တား ပိတ်ဆို့နိုင်သည်ဟု ဆိုသည်။ အမည်းရောင် ဘယ်ရီသီးများတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်သည်။

 

(၂) မှို (Button Mushrooms)

အာဟာရဓာတ် နည်းပါးသည်ဟု မှိုကို အထင်မြင်မသေးမိဖို့ လိုအပ်သည်။ မှိုတွင် ဆီလီနီယမ်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါသည်။ ဆီလီနီယမ်ချို့တဲ့သူများတွင် ဆိုးဝါးသော တုပ်ကွေးရောဂါ ခံစားရနိုင်သည်။ မှိုများတွင် ဗီတာမင် B2 နှင့် နိုက်ယာစင်တို့ ပါဝင်သဖြင့် ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေနိုင်သည်။ မှိုသည် ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားပိုးနှင့် ကင်ဆာတို့ကို ဆန့်ကျင်နိုင်စွမ်းရှိသည်။

 

(၃) Acai Berry ဘယ်ရီသီးတစ်မျိုး

Acai ဘယ်ရီသီးများသည် အပြာရောင် ဘယ်ရီသီးကဲ့သို့ စူပါ အစားအစာဟု တင်စားခေါ်ဝေါ် လောက်အောင်ပင် အစွမ်းထက်မြက် အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်သည်။ ရောဂါဝေဒနာများ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။

 

(၄) ကမာကောင်

ကမာကောင်များသည် ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်ကြသည်။ ဇင့် ဓာတ် ကြွယ်ဝစွာပါဝင်သည်။ ဇင့် ဓာတ်ချို့တဲ့သော အမျိုးသမီးများသည် သားသမီးမရနိုင်ဘဲ ရှိတတ်သည်။

 

(၅) ဖရဲသီး

ဖရဲသီးတွင် Glutathione ခေါ် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်သည်။ ရေဓာတ်ဖြည့်ပေးပြီး လန်းဆန်းစေသည်။

 

(၆) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်တွင် Glutamine ပါဝင်ပြီး ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။ထို့ကြောင့် ဂေါ်ဖီထုပ်မှာ စားသုံးသင့်သော အစားအစာဖြစ်သည်။ 

 

(၇) ဗာဒံစေ့

ဗာဒံစေ့ လက်တစ်ဆုပ်စာ စားသုံးလျှင် ခုခံစွမ်းအားစနစ်၏ အာနိသင်စွမ်းရည်ကို ကောင်းစေသည်။ ဗာဒံစေ့တွင် ဗီတာမင် E ကြွယ်ဝစွာ ပါဝင်သည်။ ဗီတာမင် B2၊နိုက်ယာစင်တို့ ပါဝင်သည်။ ဖိစီးမှု၏ ဆိုးကျိုးများကို ကာကွယ်နိုင်သည်။

 

(၈) ဂရိတ်ဖရု Grape Fruit

ဂရိတ်ဖရုတွင် ဗီတာမင် C ကြွယ်ဝစွာ ပါဝင်သည်။ အအေးမိခြင်းကို သက်သာပျောက်ကင်းစေသည်။ ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးနိုင်သည်။

 

(၉) ဂျုံ

ကလေးငယ်များကို ဂျုံစေ့ကျွေးမွေးလျှင် ဇင့်ဓာတ်၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းနှင့် ဗီတာမင် ဘီတို့ ပါဝင်သဖြင့် အာဟာရဓာတ် ပြည့်ဝစွာရစေနိုင်သည်။ ရောဂါဘယများကို ကာကွယ်တိုက်ဖျက်နိုင်သည်။ 

 

(၁၀) အဆီဓာတ်နည်းသော ဒိန်ချဉ်

နေ့စဉ် ဒိန်ချဉ်တစ်ခွက် သောက်သုံးလျှင် အအေးမိခြင်းကို ကာကွယ်နိုင်သည်။ ဗီတာမင် D ကြွယ်ဝစွာ ပါဝင်သည်။ တုပ်ကွေးရောဂါနှင့် အအေးမိခြင်းတို့ အန္တရာယ်မှ ကင်းဝေးစေသည်။

 

(၁၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်သည်။ H-Pylori ဗက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်သဖြင့် အစာအိမ်ရောဂါနှင့် အစာအိမ်ကင်ဆာများဖြစ်ပွားမှုအန္တရာယ် နည်းစေသည်။

 

(၁၂) ဟင်းနုနယ်

ဟင်းနုနယ်ကို စူပါ အစားအစာဟု ခေါ်ဆိုလေ့ရှိသည်။ ကလာပ်စည်းသစ်များ တည်ဆောက်ခြင်းနှင့် ဒီအန်အေ (DNA) ပြုပြင်ခြင်းတို့အတွက် အထောက်အပ့ံဖြစ်စေသည်။ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ဗီတာမင် C တို့ ကြွယ်ဝစွာပါဝင်ပါသည်။ 

 

(၁၃) လက်ဖက်ခြောက်

လက်ဖက်စိမ်း (သို့) လက်ဖက်ခြောက်တွင် ပေါ်လီဖီနော် (Poly-phenols) နှင့် ဖလေဗီနွိုက် (Flavinoids) တို့ ပါဝင်သည်။ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည်။

 

(၁၄) ကန်စွန်းဥ

ကန်စွန်းဥတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘီတာကာရိုတင်း (Beta carotine) ပါဝင်သည်။ ဗီတာမင် A ပါဝင်မှုကြောင့် အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်ပြီး ကင်ဆာရောဂါများကိုလည်း ကာကွယ်နိုင်သည်။

 

(၁၅) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းသည် ခုခံစွမ်းအား အတွက် ကောင်းမွန်သော အစားအစာဖြစ်သည်။ ဗီတာမင် A, ဗီတာမင် C, နှင့် Glutathione တို့ ပါဝင်သည်။ ဗီတာမင် D နှင့် ဗီတာမင် C အုပ်စုလည်း ပါဝင်သည်။ ရောဂါများစွာကို ကာကွယ်နိုင်သော စွမ်းရည်သတ္တိထူးတွေလည်းရှိပါသည်။


Credit:
ဒေါက်တာအေးကျော်
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18