Print

အိုမီဂါ - ၃ ဖက်တီးအက်စစ်များ

  01-Mar-2017
Preview Image

အိုမီဂါ - ၃ ဖက်တီးအက်စစ်များသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်နို်င်သည်။ စိတ်ကျဝေဒနာရှိသူများကို ပျောက်ကင်းစေသည်။ အသက်ကြီးသူများတွင် ဦးနှောက်စွမ်းရည်ကို ပိုမို ကောင်းမွန်စေသည်။ ကလေးငယ်များတွင် ဉာဏ်ရည်ထက်မြက်စေပါသည်။ ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း လျော့နည်းစေပါသည်။ မီးယပ်သွေးပေါ်စဉ် နာကျင်မှုဝေဒနာများကို သက်သာစေနိုင်သည်။ ရူမက်တွိုဒ် အဆစ်ရောင်ရောဂါနှင့် ပန်းနာရင်ကြပ် ရောဂါများကိုလည်း သက်သာစေနိုင်ကြောင်း တွေ့ရသည်။

 

အိုမီဂါ - ၃ ဖက်တီးအက်စစ်များကို ပင်လယ်ငါးသလောက်၊ ငါးသေတ္တာငါးနှင့် ငါးကွမ်းရှပ်တို့တွင် တွေ့ရနိုင်ပါသည်။ ယနေ့အချိန်တွင် အစားအစာများ၌ အိုမီဂါ- ၆ နှင့် ဖက်တီးအက်စစ် ပါဝင်ကြောင်း တွေ့ရသည်။ အိုမီဂါ- ၆ နှင့် အိုမီဂါ- ၃ ဖက်တီးအက်စစ် မမျှတမှုသည် ကလာပ်စည်းများ၏ ဇီဝဓာတုဖြစ်စဉ်များကို ယိုယွင်းစေနိုင်ကြောင်း တွေ့ရသည်။ ဤသို့ မမျှတမှုကြောင့် နှလုံးခုန်စည်းဝါးမမှန်ခြင်း၊ စိတ်ကျဝေဒနာခံစားရခြင်း၊ အဖုအကျိတ်တစ်သျှူးများ ကြီးထွားလာခြင်း၊ ခုခံစွမ်းအားစနစ် ယိုယွင်းလာခြင်းနှင့် ရောင်ရမ်းမှုဆိုင်ရာရောဂါများ ဖြစ်လာနိုင်ကြောင်း တွေ့ရသည်။

 

The University of Washington မှ သုတေသန ပညာရှင်များက လူပေါင်း ၇၇၃ ဦးကို လေ့လာခဲ့ကြသည်။ သွေး၌ အိုမီဂါ- ၃ ဖက်တီးအက်စစ်များဖြစ်သည့် Eicosapentacnoic Acid (EPA) နှင့် Docosahexaenoic Acid (DHA) တို့သည် နှလုံးကြွက်သား ပျက်ယွင်းမှုကြောင့် သေဆုံးမှုကို ၅၀ မှ ၆၅ ရာခိုင်နှုန်း ထိ လျော့နည်းစေနိုင်ကြောင်း တွေ့ရသည်။ လေဖြတ်ခြင်းကိုလည်း အလားတူ လျော့ နည်းစေပါသည်။ အိုမီဂါ- ၃ ဖက်တီးအက်စစ်သည် နှလုံးခုန်မှန်စေခြင်းအတွက် လိုအပ်သည်။ Netharland မှ သုတေသနပညာရှင်များကလည်း လူပေါင်း၄၀၀၀ ကျော်အား လေ့လာခဲ့ပြီး အိုမီဂါ- ၃ ဖက်တီးအက်စစ်သည် စိတ်ကျဝေဒနာသက်သာစေကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။ အဖုအကျိတ်များ၏ ကြီးထွားမှုကိုလည်း အိုမီဂါ- ၃ ဖက်တီးအက်စစ်က ဟန့်တားနိုင်ကြောင်း တွေ့ရသည်။ အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာများကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ အိုမီဂါ- ၃ ဖက်တီးအက်စစ်များကို အမျိုးသမီးတိုင်း ဖြည့်စွက် မှီဝဲသုံးစွဲ
သင့်သည်ဟု ဆေးပညာရှင်တချို့ အကြံပြုပြောကြားခဲ့ပါသည်။


Credit : ဒေါက်တာအေးကျော် ( ဇီဝကမ္မဗေဒ )
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18