Print

အချို (သကြား) စားသုံးခြင်းနှင့် ချောင်းဆိုးခြင်း

  01-Mar-2017
Preview Image

မိဘများသည် သားသမီးများ ချောင်းဆိုးလျှင် အချို (သကြား) အစားများ၍ ဖြစ်သည်ဟု ထက်ခံထားကြသည်။ ချောင်းဆိုးလျှင် အချိုစာများမစားရန် တားမြစ်လေ့ရှိသည်။ သကြားမှာ Sucrose ဆူးဆရို့စ်ဖြစ်ပြီး ဂလူးကို့စ် မော်လီကျူးတစ်ခုနှင့် ဖရပ်စ်တို့ မော်လီကျူးတစ်ခုတို့ ပါဝင်သည်။ သကြားစားသုံးမှုကြောင့် ချောင်းဆိုးမည်မဟုတ်ပါ။ ချောင်းဆိုးခြင်းမှာ ဆေးပညာသဘောအရကြည့်လျှင် ဇာစ်မြစ်များစွာ တွေ့ရမည်ဖြစ်ပါသည်။ လည်ချောင်းရောင်ခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးရောဂါစသည်တို့မှ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောဂါများကြောင့် ချောင်းဆိုးနိုင်သည်။ ချောင်းဆိုးရာတွင် ချောင်းခြောက်ဆိုးခြင်း၊ Dry cough နှင့် သလိပ်ထွက်ဆိုးခြင်း productivecough ရှိသည်။ ချောင်းခြောက်ဆိုးခြင်းကို ဖိနှိပ်သင့်သော်လည်း သလိပ်ထွက်ချောင်းဆိုးခြင်း ကိုမူ ဖိနှိပ်မှုမပြုသင့်ဟု ဆိုပါသည်။

 

သုတေသနပညာရှင်များက ကလေးငယ်များ ချောင်းဆိုးခြင်းကို သက်သာစေသော ချောင်းဆိုးပျောက်ဆေးမှာ သကြားရည်ထက်ပို၍ အာနိသင်မရှိဟု ဖော်ထုတ်တင်ပြခဲ့သည်။ ချောင်းဆိုးသော ကလေးငယ် တစ်ဦးအား ချောင်းဆိုးပျောက်ဆေးအစား သကြားရည်တစ်ဇွန်းတိုက်ခြင်းသည်ပင် အကျိုးရှိကြောင်း တင်ပြခဲ့သည်။ သကြားရည်သည် ချောင်းဆိုးခြင်းကိုပင် သက်သာစေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ချောင်းဆိုးခြင်းသည် အချို (သကြား) နှင့် သက်ဆိုင်မှုမရှိပေ။ ဆန်၊ ဂျုံ၊ ပြောင်းစသည်တို့ စားသုံးလျှင်ပင် ကစီဓာတ်များမှာ Maltose ဖြစ်သည်။ ဖော်လ်တို့စ် (Maltose) မှာ ဂလူးကို့စ်မော်လီကျူးနှစ်ခု ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ချောင်းဆိုးခြင်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့်သာဖြစ်ပြီး အချို (သကြား) စားသုံးမှုကြောင့် မဟုတ်ကြောင်း သိစေလိုပါသည်။

 

• သကြားကြောင့် ချောင်းမဆိုးပါ။ 
• ချောင်းဆိုးပျောက်ဆေးရည်မှာ သကြားရည်တစ်ဇွန်းထက် အာနိသင်မပိုပေ။

 

Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18