Print

အစားအစာနဲ့ အရေပြား

  01-Mar-2017
Preview Image

လှပတဲ့အမျိုးသမီးတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် အသားအရေ လှပစိုပြေတာဟာ အဓိကနေရာမှာ ပါဝင်နေပါတယ်။ ဘယ်လိုပဲကောင်းတဲ့ အလှပြင်ပစ္စည်းတွေ အသုံးပြုထားပါစေ။ ဘယ်လောက်ပဲ အဖိုးတန်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားပါစေ။ ပင်ကိုယ်အသားအရေ မလှခဲ့ဘူးဆိုရင် ထင်ပေါ်တဲ့ အလှမျိုးရှိနိုင်မှာ မဟုတ်ပါဘူး။ ပြင်ပက အရေပြားကျန်းမာဖို့ဆိုရင်လည်း ခန္ဓာကိုယ်တွင် ကျန်းမာဖို့အတွက်ကို မိမိဘာတွေ စားသုံးခဲ့သလဲဆိုတာအပေါ်မှာ မူတည်နေပါသေးတယ်။ အရေပြားမှာ အနီကွက်တွေ ဖြစ်တာဟာ စီလီကွန် ချို့တဲ့လို့ပါပဲ။ ဒါကြောင့်မို့ အဲဒီဓာတ် ပါဝင်တဲ့အစာတွေဖြစ်တဲ့ မုယောစပါး၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ မက်မုံသီး၊ စတော်ဘယ်ရီသီးနဲ့ သဖန်းသီး စတာတွေကို သင့်တော်သလို စားသုံးပေးရမှာပါ။

 

ကလိုရိုဖီးဓာတ် ချို့တဲ့ရင်တော့ အရေပြားမှာ အနာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုဆိုရင် အစိမ်းရောင် ဟင်းသီးဟင်းရွက် စားသုံးပေးခြင်းနဲ့ ကုသနိုင်ပါတယ်။ ဒါကြောင့်မို့ အစိမ်းစားလို့ရတဲ့ အရွက်နဲ့ အသီးတွေကို ဒီအတိုင်း အစိမ်း စားပေးသင့်ပါတယ်။ ဖလူအိုရင်း ဓာတ်ပါဝင်တဲ့ အစာတွေကတော့ ဆတ်နို့နဲ့ ၎င်းနဲ့ ပြုလုပ်ထားတဲ့ ဒိန်ခဲ၊ ထောပတ်သီး၊ ဂေါ်ဖီထုပ်၊ rye (ရွိုင်း) ဂျုံမှုန့် တစ်မျိုးနဲ့ အိမ်မှာလုပ်တဲ့ ဒိန်ချဉ်ရည်တို့ပါပဲ။

 

ဆိုဒီယမ်ဓာတ် လုံလောက်မှု မရှိတဲ့ အခါမျိုးမှာဆိုရင် အရေးအကြောင်းတွေ ခပ်မြန်မြန် ဖြစ်လာပါလိမ့်မယ်။ အဲဒီအတွက် ဆိုရင်တော့ ဆိုဒီယမ်ဓာတ် ပါဝင်တဲ့ သခွားသီးကို ပိုမိုစားသုံးပေးခြင်းနှင့် ကုသပေးနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သခွားသီးမှာက ဆိုဒီယမ်ဓာတ်အပြင် အရေပြားကို အေးမြစေတဲ့အရာတွေ ပါဝင်နေလို့ပါပဲ။

 

နောက်တစ်ခု သတိပြုရမှာကတော့ အရေပြားပြဿနာ တော်တော်များများဟာ ကျောက်ကပ်ကြောင့် ဖြစ်ရတယ်ဆိုတာ သိထားဖို့ပါပဲ။ ဒီအတွက် ရေများများသောက်ပေးပြီး၊ အိုဒီဒင်းဓာတ် မြင့်မားစွာ ပါဝင်တဲ့ မုန်လာဥဝါနှင့် အရွက်ပါ စားလို့ရတဲ့ မုန်လာဥတစ်မျိုးတို့ကို များများ စားပေးရပါမယ်။ အကောင်းဆုံးကတော့ သင့်ရဲ့ နံနက်ခင်းကို ပျားရည်တစ်ဇွန်း ထည့်ထားတဲ့ သံပရာရည် တစ်ဖန်ခွက် သောက်တာနဲ့ စတင်သင့်တယ်လို့ ပြောလိုပါတယ်။


Credit:
အေးခေမာ
Health for all magazine, August 2015, Pg. 97



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18