Print

ကိုယ်အလေးချိန်လျော့နည်းစေဖို့ ကူညီပေးမယ့် သောက်စရာသုံးမျိုး

  01-Mar-2017
Preview Image

သင့်ရဲ့ ကိုယ်အလေးချိန်လျော့နည်းစေဖို့ ကူညီပေးနိုင်တာကတော့ သင့်ရဲ့ အစားအစာထည့်တဲ့ ပန်းကန်ပြားထဲကို အာရုံစိုက်ကြည့်နေလို့ မရပါဘူး တကယ်ဆိုရင် သင့်ရဲ့ သောက်စရာထည့်တဲ့ ဖန်ခွက်ထဲကိုပါ အာရုံစိုက် ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေတ်စားနေတဲ့ အသင့်သောက်သုံးနိုင်တဲ့ အချိုရည်တွေ၊ အသင့်သောက် သစ်သီးဖျော်ရည်တွေ၊စွမ်းအားဖြည့်အချိုရည်တို့ကို ဆိုလိုခြင်းမဟုတ်ပါ။ အဲဒီ အသင့်သောက် အချိုရည်တွေဟာ သကြားနှင့် ကာဗိုဟိုက်ဒရိုက်တွေ ပိုမိုပေါင်းထည့်ထားလို့ သင့်ရဲ့ကိုယ်အလေးချိန်လျော့ချရေး အစီအစဉ်မှာ ဒီအသင့်သောက် အချိုရည်တွေက အများကြီး ထိခိုက်နိုင်ပါတယ်။

ရေ (သောက်ရေ)
 

ရေကို ကျွန်ုပ်တို့ ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့် ရေဟာကိုယ်အလေးချိန်လျော့ချမှု အစီအစဉ်မှာ အကျိုးသက်ရောက်မှုရှိပြီး ရွေးချယ်စရာကောင်းတဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။ ရေကို သန့်ရှင်းလတ်ဆတ်တဲ့ သံပရာ သခွားသီး၊ ခရမ်းချဉ်သီးစတဲ့ ကယ်လိုရီမပါဝင်တဲ့ အသီးတွေနဲ့ ရောစပ်ပြီး ဖျော်ရည်အဖြစ်သောက်သုံးနိုင်ပါသည်။

 

ဟင်းသီးဟင်းရွက်ဖျော်ရည်
 

သန့်ရှင်းလတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်ဖျော်ရည်တွေကလည်း သင့်ရဲ့ကိုယ်အလေးချိန်လျော့ချမှုအစီအစဉ်မှာ ပါဝင်ကူညီနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဟင်းသီးဟင်းရွက်ဖျော်ရည်တွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေပြီး အဲဒီအမျှင်ဓာတ်တွေဟာ ပြည့်နေသလို ခံစားစေရပါတယ်။ သင့်ရဲ့အစာအိမ်ဟာ ပြည့်နေသလို ခံစားနေရတဲ့အတွက် နောက်ထပ်အစာပိုတွေ၊ ကယ်လိုရီတွေကို ထပ်မံမစားသုံးမိအောင် ကူညီပေးနိုင်ပါတယ်။ 

 

အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး သင့်ရဲ့ကိုယ်အလေးချိန်ကို လျော့နည်းစေပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည်တွေစဟာ အစာအိမ်ပြည့်ဝနေမှုကို ကြာရှည်စွာ လုပ်ဆောင်ပေးနိုင်ပြီး သင့်ရဲ့ကိုယ်အလေးချိန်ကိုလျော့နည်းစေပါတယ်။ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေဟာ အစာအိမ်ပြည့်ဝနေမှုကိုကြာရှည်စွာ လုပ်ဆောင်နိုင်ပေးနိုင်ပြီး သင့်ကိုလန်းဆန်းစေပါတယ်။ အကယ်၍ဖြစ်နိုင်ရင် ဆိုဒီယမ်နည်းပါးစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည်တွေကို ရွေးချယ်သောက်သုံးခြင်းဟာပိုကောင်းတဲ့ အကျိုးရလာဒ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

 

ဘလက်ကော်ဖီ
 

နံနက်ခင်း (သို့) နေ့လည်ခင်းမှာ ဘလက်ကော်ဖီတစ်ခွက်လောက် သောက်ခြင်းဖြင့်ဟာ သင့်ရဲ့စိတ်ကို လန်းဆန်းစေပြီး ကိုယ်အလေးချိန် လျော့နည်းစေဖို့ ကူညီထောက်ပ့ံပေးနိုင်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ကော်ဖီခါးတဲ့အရသာကိုမကြိုက်ဘူးဆိုရင်တော့ အဆီမပါဝင်တဲ့ အရသာကို ကြိုက်ဘူးဆိုရင်တော့ အဆီမပါဝင်တဲ့ နို့နဲ့ သကြားနည်းနည်းကို ရောနှောသောက်သုံးပေးလို့ရပါတယ်။


Credit:
လွင့်လွင့်နေ
Health for all magazine,Aprial 2013, Pg. 88


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18