Print

သစ်သီဟင်းသီးဟင်းရွက်များ၏ အပေါ်ခွံများမှသည် ကျန်းမာရေးဆီသို့

  01-Mar-2017
Preview Image

သစ်သီး၊ ဟင်းသီးဟင်းရွက်များရဲ့ အပေါ်ခွံတွေမှာ ရောဂါတွေကို တိုက်ခိုက်ပေးနိုင်စွမ်းရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်နေကြောင်း သင်သိပါရဲ့လား။ ဘယ်လို သစ်သီး၊ ဟင်းသီးဟင်းရွက်တွေမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်ပြီး ဘယ်လိုရောဂါတွေကို တိုက်ခိုက်ပေးနိုင်စွမ်းရှိတယ်ဆိုတာ လေ့လာသူတွေက လေ့လာစာရင်းပြု ဖော်ပြထားကြပါတယ်။

 

ပန်းသီးပေါ်ခွံ

Nutrition Journal ရဲ့ လေ့လာသူတွေ ဖော်ပြချက်အရ ပန်းသီးအပေါ်ခွံမှာ Anti-oxidaint အစွမ်းရှိတဲ့ Quercetin ဓာတ်ပါဝင်နေပြီး ကင်ဆာရောဂါတွေရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ 

 

လိမ္မော်သီးခွံ

လိမ္မော်သီးအခွံမှာ d-Limonene Compound ဓာတ်ပါဝင်နေပြီး အဲဒီ Compound ဟာ အရေပြားကင်ဆာ ဖြစ်ပွားခြင်းရန်ကနေ ကယကွယ်ပေးနိုင်ပါတယ်။

 

ပန်းဂေါ်ဖီအစိမ်းရဲ့ ပင်စည်

ပန်းဂေါ်ဖီအစိမ်းရဲ့ ပင်စည်မှာ ဗီတာမင်စီ ပမာဏတွေ ပါဝင်နေပြီး တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီပမာဏကို ဖြည့်ဆည်းပေးဖို့ ကူညီပေးနိုင်ပါတယ်။ 

 

မုန်လာဥနီအပေါ်ခွံ

ဘီတာကာရိုတင်းတွေ အများအပြားပါဝင်တဲ့ မုန်လာဥနီအပေါ်ခွံတွေဟာ မျက်လုံး၊ အရေပြားနဲ့ ကိုယ်ခံစွမ်းအားတွေ ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ 

 

အနှစ်ချုပ်အားဖြင့် အထက်ဖော်ပြပါ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေရဲ့ အပေါ်ခွံတွေဟာ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် အပေါ်ခွံတွေကို ဒီအတိုင်း မစားသုံးနိုင်ဘူးဆိုရင် ဖျော်ရည်လုပ်သောက်တဲ့ နေရာမှာ ထည့်သွင်း သောက်သုံးခြင်းပဲဖြစ်ဖြစ် စသည်ဖြင့်စားသောက်နိုင်ပါတယ်။ အထူးသတိပြုရမှာကတော့ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ဝယ်ယူစားသောက်ရမှာဖြစ်ပြီး အပေါ်ခွံတွေ သန့်စင်အောင် ရေကောင်းကောင်းဆေးကြောဖို့ လိုအပ်ပါတယ်။


Credit:
သစ်လွင့်သူ
Health for all magazine, May 2016, Pg. 79

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18