Print

ကျန်းမာရေး အထောက်အကူပြုသည့် အစားအစာများ အဆာဖြေပါ။

  01-Mar-2017
Preview Image

နောက်တစ်ကြိမ် အဆာပြေ တစ်ခုခုစားလိုသည့်အခါ (ဆာနေပြီ ဆိုကတည်းကအမှန်တကယ် ဆာသင့်သည့်အချိန်ကို ကျော်နေသည်မှာသေချာသဖြင့် မဆာခင်ကပင်) အဆီနှင့် သကြားဓာတ်များသော အစားအစာများထက် လတ်ဆတ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်သည့်အစားအစာကို ရွေးစားပါ။ မိမိ၏ ကိုယ်ခန္ဓာကို အာဟာရ မဖြစ်စေသည့် အစားအသောက်များနှင့် အဝအပြဲ မကျွေးမီ အစာစားခြင်းသည် မိမိကောင်းကျိုးအတွက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း သတိရပါ။ လောင်စာဆီကောင်းလျှင် အင်ဂျင်စက်နှင့်တူသည့် ခန္ဓာကိုယ်ပို၍ အလုပ်ကောင်းကောင်း လုပ်လိမ့်မည်။ 

 

ကျန်းမာရေးကို အကျိုးပြုသည့် အစားအစာများကို ရွေးချယ်စားသည့် အတွက်ရေတိုတွင် နေထိုင်ကောင်းရုံမက ရေရှည်တွင်လည်း မိမိခန္ဓာကိုယ်ကို အကျိုးပြုနေခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် အောက်ပါအစားအစာများကို စုဆောင်းကာ သင့်တင့်မျှတစွာ စားသုံးပါ။
• လတ်ဆတ်သောသစ်သီး
• လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်
• သစ်သီးခြောက်အနည်းငယ်


Credit:
ဝေဇင်ဦး
ပျော်ရွှင်ဖို့ရာ နည်း ၁၀၀ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18