Print

ပြုပြင်ထားသော နို့များ

  01-Mar-2017
Preview Image

ပြုပြင်ထားသော နို့ဟူသည် အချဉ်ဖောက်ထားသော ထောပတ်နို့များ၊ နို့၊ ဆီ၊ နို့မလိုင်၊ ဒိန်ချဉ်တို့ ဖြစ်သည်။ နို့သည် ပျစ်ပြီး လက်တစ်အက်ဆစ် ထုတ်ပေးသော သီးသန့်ပိုးမွှားဖြင့် ချေဖျက်ထွက်ပေါ်လာသော နို့ထွက်ပစ္စည်းများ ဖြစ်သည်။ အသား၊ ငါး၊ ငှက်၊ ဥတို့ကဲ့သို့ပင် နို့တွင် ပရိုတင်းဓာတ် များစွာပါဝင်သည်။ ပြုပြင်ထားသောနို့များသည် အဆီ၊ ပြည့်ဝဆီနှင့် ကိုလက်စရောတို့ပါဝင်သည်။ လူကြီးများအတွက် အဆီမပါသောနို့ကို သုံးပြီး ကလေးများတွင် အဆီပါသောနို့ကို သုံးရန် တိုက်တွန်းပါသည်။ 

ဝယ်မယ်ဆိုရင်

နို့ဝယ်မယ်ဆိုလျှင် လုံလုံခြုံခြုံ ပိတ်ထားခြင်း ရှိမရှိ စစ်ဆေးရန် လိုအပ်သည်။ လက်နှင့်ထိတွေ့သောအခါ၌လည်း အေးခြင်းကို ခံစားရသောအအေး ရှိရမည်။ ဝယ်ယူသောနို့၏ ရက်စွဲ သေချာစွာ စစ်ဆေးပြီး ဝယ်ယူသုံးစွဲသင့်ပါသည်။

 

သိုလှောင်မယ်ဆိုရင်

၄၀ ဒီဂရီ ဖာရင်ဟိုက်နှင့် သိုလှောင်မည်ဆိုလျှင် ထောပတ်နို့ကို နှစ်ပတ်မှ သုံးပတ်၊ နို့ချဉ်ကို သုံးပတ်မှ လေးပတ်နှင့် ဒိန်ချဉ်ကို သုံးပတ်မှ ခြောက်ပတ် အထားခံနိုင်ပါသည်။ အဖုံးလုံခြုံမှု ရှိမရှိ စစ်ဆေးရန်သာ လိုအပ်သည်။ အဖုံး မလုံပါက ရေခဲသေတ္တာတွင်းရှိ တခြားအစားအစာမှ အနံများ ရောယှက်တတ်သည်။ဆေးဘက်ဝင် အသုံးများ

 

၁။ အရိုးပွခြင်းကို ကာကွယ်ပေးခြင်း

သွေးဆုံးပြီး အမျိုးသမီးများတွင် အရိုးသိပ်သည်းမှု နည်းခြင်း (တစ်နည်းအားဖြင့် အရိုးပွခြင်းများရှိတတ် သည်။ သွေးဆုံးချိန်မှစ၍ အရိုးပွခြင်း တစ်နှစ်ပြီးတစ်နှစ် တစ်ရာခိုင်နှုန်း အရိုးသိပ်သည်းမှု နည်းပါးလာသည်။ အမျိုးသားများ ဖြစ်ပေါ်သော်လည်း နည်းသည်။ အမျိုးသမီးများသည်အမျိုးသားများ ထက်ပို၍ အရိုးကျိုးလွယ်သည်။ အမေရိကန်လူမျိုး ခြောက်ယောက်မှ ခုနစ်ယောက်သည် အမျိုးသမီးများ အရိုးကျိုးကြသည်။စမ်းသပ်ချက်များအရ အမျိုးသမီးများ ဟော်မုန်းဆေးထိုး မကုသလျှင် အနည်းဆုံး ၁၅၀၀ mg ကယ်လဆီယမ် တစ်နေ့ လိုအပ်ချက်အနေနဲ့သတိထားသင့်သည်။ အဆီမပါသော နို့ဒိန်ချဉ် သုံးခွက်ထက် ပိုပြီး သောက်ပေးသင့်သည်။

 

၂။ ပဋိဇီဝဆေးကို ကာကွယ်ပေးခြင်း

ပဋိဇီဝဆေးများ စားရသောအခါ အထူးသဖြင့် အစာအိမ်ပိုင်းဆိုင်ရာ အနေနဲ့ ဝမ်းလျှောခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သော ဘက်တီးရီးယားများကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရပ်များအတွက် ပဋိဇီဝဆေးကို ဒိန်ချဉ်နှင့်တွဲသောက်လျှင် ဝမ်းလျှောခြင်း နည်းသွားစေသည်ဟု သုတေသနပညာရှင်များက ဆိုထားပါသည်။

 

၃။ သွေးဖိအားဖြစ်ပွားမှု နည်းခြင်း

အဆီမပါသောနို့ကို သုံးစွဲခြင်းသည် သွေးဖိအားတိုးမှု နည်းစေနိုင်သည်ကို တွေ့ရှိခဲ့သည်။

ဆိုးကျိုးများ

ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိသည်။ 

 

၁။ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြင်း

သွေးထဲတွင် ကိုလက်စထရော များ၍ နှလုံးရောဂါဖြစ်နိုင်သည်။ ဆိုးကျိုးရှိသည်။ သို့သော် အောက်ပါအခြေအနေများအတွက် မသုံးသင့်သော အခြေအနေများဖြစ်သည်။ 
(က) ရောဂါရှိနေပြီးသော နှလုံးရောဂါပိုင်ရှင်
(ခ) LDL (Low Density Lipoprotein) မြင့်မားသူနှင့် HDL (Density Lipoprotein) နည်းနေသူများ
(ဂ) အဝလွန်သူများ
(ဃ) အင်ဆူလင် မှီခိုရသော ဆီးချိုဝေဒနာရှင် တို့ဖြစ်သည်။

 

၂။ နို့ ပရိုတင်း မတည့်သူများ

နို့ထွက်ပစ္စည်းများသည်လည်း မတည့်သော အစားအစာများထဲတွင် ပါဝင်ပါသည်။ အလာဂျီဖြစ်ခြင်း၊ ဗိုက်ပြဿနာပေးခြင်း၊ မျက်နှာ၊ နှုတ်ခမ်းနှင့် လျှာများရောင်ရမ်းခြင်းတို့ ဖြစ်တတ်သည်။


Credit:
ဒေါက်တာမောင်မောင်
Health for all magazine, April 2013, Pg. 75-76



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18