Print

ဂျင်း(ချင်း)ကိုနေ့တိုင်းစားရင် ရလာမယ့်ကောင်းကျိုးများ

  01-Mar-2017
Preview Image

ချင်းဟာ မြန်မာဟင်းလျှာတွေ ထဲမှာ မပါမဖြစ်ဟင်းလျှာဖြစ်ပြီး မွှေးကြိုင်တဲ့ ဟင်းနံ့လေးတွေကြောင့် ခံတွင်းကို မြိန်စေပါတယ်။ ချင်းဟာ ဟင်းအရသာကို ကဲစေရုံ သာမက နေ့စဉ်စားသုံးတဲ့လူကို ကျန်းမာသက်ရှည်စေပါတယ်။ အငြိမ်းစားဆရာဝန်ကြီး တစ်ယောက်က မြန်မာ့ဂျင်ဆင်းလို့တောင် တင်စားခြင်းခံရလောက်တဲ့အထိ ချင်းက အစွမ်းထက်ပါတယ်။

(၁) ကြွက်သားတွေကို သန်မာတက်ကြွစေတယ်

ချင်းမှာ အဓိကအားဖြင့် ပါဝင်တာကတော့ ကာဗိုဟိုက်ဒြိတ်ဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲကို ရောဂါတွေ တန်ဖြန်တုန့်ပြန်ကာကွယ်နိုင်တဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။သွေးတွင်းကိုလက်စထရောဓာတ်ကို အချိန်တိုအတွင်း ထိန်းချုပ်ပေးနိုင်သလို ကယ်လ်စီယံဓာတ်ကလည်း အရိုးတွေကို သန်မာစေပါတယ်။

 

(၂) အဆီကျစေတယ်

ချင်းကို နေ့စဉ်ပုံမှန် ရေနွေးနဲ့ စိမ်ပြီး သောက်ပေးပါက အဆီပိုတွေကို နှစ်ပတ်အတွင်း သိသိသာသာ ဖယ်ရှားပေးနိုင်ပါတယ်။ အသားရေကိုလည်း ချောမွေ့နူးညံ့စေလို့ အလှအပမက်မောသူတွေ နေ့စဉ်ဆောင်ထားသင့်တဲ့ ဆေးပါ။

 

(၃) ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်

ဒဏ်အမျိုးကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ကိုင်ရိုက်ထားသလို နာကျင်နေရင် ဂျင်းရေနွေးကြမ်းလေး တစ်ခွက်လောက်သောက်ပေးလိုက်တာနဲ့ သက်သာပျောက်ကင်းစေပါတယ်။ ဖျားချင်သလိုလို၊ နှာစေးချင်သလိုလို ချောင်းဆိုး ရင်ကြပ်ဖြစ်ရင်လည်းဂျင်းရေနွေးကြမ်းကိုသာ ယုံယုံကြည်ကြည် သောက်ပေးပါ။

 

(၄) အသက်ရှုလမ်းကြောင်းကို အန္တရာယ်ကင်းစေတယ်

ချင်းဟာ အသက်ရှုလမ်းကြောင်းကို ရှင်းလင်းပေးပြီး ပြင်ကနေ ဝင်ရောက်လာတဲ့ဗိုင်းရပ်ရောဂါပိုးတွေကို တိုက်ဖျက်နိုင်ပါတယ်။ အဆုတ်ကို သန့်စင်စေပြီး အစာအိမ်နဲ့အူမကြီးမှာရှိတဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်း ရှိပါသေးတယ်။

 

(၅) ရောဂါမျိုးစုံမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်

ချင်းကို နေ့စဉ် ပုံမှန်စားသုံးပေးပါက သွေးတွင်း ကိုလက်စထရော ဓာတ်တွေ၊ အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးသွေးကျ ရောဂါတွေမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ နှလုံးအဆီဖုံး၊ အသဲအဆီဖုံးရောဂါတွေကိုပါ လုံးဝ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အကောင်းဆုံး အာနိသင်အနေနဲ့တော့ ခန္ဓာကိုယ်ထဲကို ကင်ဆာဆဲလ်တွေ လုံးဝ ဝင်ရောက်တွယ်ကပ်ခြင်း မရှိစေအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

Credit : healthyss.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18