Print

အခွံမာသီးကို နေ့စဉ်စားသုံးပါက ကင်ဆာနှင့် နှလုံးရောဂါကြောင့် သေဆုံးနိုင...

  01-Mar-2017
Preview Image

အခွံမာသီးကို ပုံမှန်စားသုံးတာဟာ နှလုံးရောဂါ ဒါမှမဟုတ် ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တယ်လို့သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ နေ့စဉ် လက်တစ်ဆုပ်စာ အခွံမာသီးကို စားသုံးတာကြောင့် အကြောင်းအမျိုးမျိုးကြောင့်သေဆုံးနိုင်ခြေ ငါးပုံတစ်ပုံ လျော့နည်းပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းနှင့် ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေ ၁၁ ရာခိုင်နှုန်း လျှော့နည်းနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အခွံမာသီးမှာပါဝင်တဲ့ မပြည့်ဝဆီ၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေဟာ ကိုလက်စထရောနဲ့ ရောင်ရမ်းမှုကို လျှော့ချနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

 

အခွံမာသီးကို ပုံမှန်စားသုံးသူတွေဟာ အခွံမာသီးကို ရှောင်သူတွေထက် ခန္ဓာကိုယ် သွယ်လျတဲ့ အကျိုးကျေးဇူးရှိတယ်လို့ သိရပါတယ်။အခွံမာသီး စားသုံးသူတွေဟာ ခန္ဓာကိုယ် ကျစ်လျစ်ပြီး ဆေးလိပ်သောက်သုံးတာလည်း နည်းပါးကာ လေ့ကျင့်ခန်းလည်း ပိုလုပ်တတ်လို့ ဆိုပါတယ်။ ပုံမှန်လူတွေထက် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပိုမိုစားကာ အားဆေးလည်း မှီဝဲတတ်ပါတယ်။

 

အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေဟာ အခွံမာသီးကို တစ်ပတ်တစ်ကြိမ် စားသုံးသူတွေမှာ ၁၁ ရာခိုင်နှုန်း လျော့နည်းပြီး တစ်ပတ်ကို နှစ်ကြိမ်မှ လေးကြိမ်စားသုံးသူတွေ အနေနဲ့ ၁၃ ရာခိုင်နှုန်းနဲ့ တစ်ပတ်ကို ငါးကြိမ်မှ ခြောက်ကြိမ်စားသုံးသူတွေက ၁၅ ရာခိုင်နှုန်း လျော့နည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ နေ့စဉ်အခွံမာ စားသုံးသူတွေ အနေနဲ့ နှစ်ပေါင်း ၃၀ အတွင်း သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။ 

 

ယခင်လေ့လာမှုတွေအရလည်း အခွံမာသီးစားသုံးတာဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အူမကြီးကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ ဆက်စပ်မှု ရှိတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။


Credit:
Arogyam magazine, No.258, Junuary 2014, Pg.142



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18