Print

စားတတ်လျှင်ဆေး

  01-Mar-2017
Preview Image

စားနေကျ အစားစာထက် တစ်ခါတလေ အရသာတစ်မျိုးကို မရိုးနိုင်အောင် ပြုလုပ်ပြီးစားတဲ့ အခါမှာ အရသာအသစ်နှင့် အာဟာရဖြစ်တဲ့အစားအစာကို ချက်စားလျှင် စားရသည်မှာ ခံတွင်းမြိန်၍ ကောင်းလာပါသည်။ ဆန်လုံးညိုနှင့် ဟင်းပေါင်းချက်စားလျှင် ပါဝင်သော အသား၊အသီး၊ အရွက်တို့ကို လိုပါသည်။ ဆန်လုံးညို၊ ပုစွန်၊ ငါးရံ့၊ မုန်လာဖြူ၊ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ငရုတ်ကောင်း၊ ချင်းနှင့် နှမ်းဆီတို့လိုအပ်ပါသည်။ 

 

ဆန်လုံးညိုတွင် ပါဝင်သော အာဟာရတန်ဖိုးသည် များစွာအဖိုးတန်ပါသည်။ ဆန်လုံးညိုတွင် အမျှင်ဓာတ်နှင့် ဗီတာမင်ဓာတ်များစွာ ပါဝင်သည်။ကျန်းမာရေးအတွက် လုံးဝအထောက်အကူဖြစ်သည်။ ဆန်လုံးညိုသည် ဆန်ကောင်းဖြစ်သော်လည်း ဆန်ဖြူနှင့် မတူသည်မှာ ဆန်ဖြူကို ကြိတ်ခွဲလိုက်သည်တွင် ဗီတာမင် (B2) ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် (B1) ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် (B6) ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့ဖော့ရပ်တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနှင့် အမျှင်ဓာတ်တွေအားလုံး ဆုံးရှုံးရလေသည်။ (ထမင်းချက်ရန်ဆန်ကိုဆေးလျှင်လက်နှစ်ဖက်နှင့် နာနာပွတ်ဆေးခြင်းသည် အာဟာရကိုဆုံးရှုံးစေသည်။ 

 

ဆန်လုံးညိုသည် အပြင်ဘက်ဆုံးအလွှာ ရှိနေခြင်းကြောင့် အာဟာရတန်ဖိုးက အများအပြား ကပ်ငြိကျန်ရှိနေသေးသည်။ အထူးသဖြင့် ဆန်လုံးညိုတွင် ပါဝင်သော မဂ္ဂနီစ်ဓာတ်သည် ခန္ဓာကိုယ်အား စွမ်းအင်ကိုဖြစ်ပေါ်စေသည်။ အာရုံကြောစနစ်ကို ပိုပြီး အထောက်အကူဖြစ်သည်။ဆန်လုံးညိုစားခြင်းကြောင့် အစာစားမှုကို တင်းတိမ်စေသည့်အတွက် ဆန်ဖြူစားသုံးသူတွေထက် ခန္ဓာကိုယ်၏ အလေးချိန်ကို ပိုပြီးတိုးမလအောင် ဟန့်တားပေးသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် ကင်ဆာဖြစ်နိုင်သော အရာတို့အား တားဆီးပေးလေသည်။ ထို့ကြောင့် အူမကြီကင်ဆာဖြစ်နှုန်း လော့ကျနိုင်သည်။ ထို့ပြင်ပါဝင်သော အမျှင်ဓာတ်သည် သည်းခြေရေစီးဆင်းခြင်းကို တားဆီးသောကြောင့် သည်းခြေကျောက်မတည်အောင် ကာကွယ်ပေးသည်။ 

 

ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု၊ အစာခြေမှု၊ ဆီး၊ ဝမ်းတို့အား မျှတစွာဆောင်ရွက် ပေးလေသည်။ နှလုံးရောဂါနှင့် အဆစ်ရောင်ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးသည်။ ထို့ပြင် ဆန်လုံးညိုမှာ ပါဝင်သော အဆီဓာတ်သည် မကောင်းသော ကိုလက်စထရောကိုလျော့ကျစေပါသည်။ သွေးဆုံးခါ အမျိုးသမီးများ ဆန်လုံးညိုထမင်းကို မကြာခဏ စားပေးလျှင် သွေးကြောထဲတွင် အဆီခဲပိတ်ဆို့မှု လျော့နည်းကြောင်း သိရလေသည်။

 

ထို့ကြောင့် ဆန်လုံးညိုသည် ဆီးချိုရောဂါ၊ အရိုးမသန်မစွမ်းဖြစ်မှု တို့မှာလည်း ကာကွယ်မှုကို ရရှိသည်။ ငါးရံ့ငါးကို စားသုံးသည်တွင် လေသည်းခြေသလိပ်ကို နိုင်သည်။ ဝမ်းမီးကို ကောင်းစေ၍ အစာကို ခြေနိုင်သည်။ အစာကြေလွယ်ကာ သုက်အားကိုကောင်းစေသည်။ ပုစွန်သည် တစ်နေ့တာ လိုအပ်သော ဗီတာမင် ဒီ ပမာဏ၏ ၆၄ရာခိုင်နှုန်း ပါဝင်သောကြောင့် အရိုးများအား သန်စွမ်းစေသည်။ ဗီတာမင်ဒီဓာတ် ချို့တဲ့လျှင် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပွားမှုသည် ၈၀ ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိသည်။ အဘယ်ကြောင့် ဗီတာမင် ဒီ လိုအပ်သနည်းဆိုလျှင် ဗီတာမင်ဒီသည် ခန္ဓာကိုယ်တွင်းရှိသွေးလွှတ်ကြောများ ရောင်ရမ်းမှုကို လျော့ကျစေပါသည်။ ထို့ပြင် ဗီတာမင် ဒီသည် ဝမ်းဗိုက်ရှိအဆီကိုလည်း လော့ကျစေပါသည်။

မုန်လာဥဖြူကို မှန်မှန်စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများရရှိလေသည်။ ဗီတာမင်စီနှင့် ဗီတာမင်ဘီတို့ များစွာပါဝင်သောကြောင့် မုန်လာဥဖြူသည် ရောင်ရမ်းမှုကို လျော့ကျစေပြီး စိတ်ကိုတည်ငြိမ်စေသော အာနိသင်ပါဝင်သည်။ ထို့ပြင် ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ သံဓာတ်တို့ပါဝင်သောကြောင့် ခန္ဓာကိုယ်အား လိုအပ်သော အားကိုဖြည့်စွမ်းပေးသည်။ ဗီတာမင် စီလည်း ပါဝင်သည်။ အသည်းကို ကာကွယ်ပေးနိုင်သော အာနိသင်ရှိသောကြောင့် အစာကိုလည်းကြေစေသည်။ ဆီး၊ ဝမ်းကိုလည်း မှန်စေသည်။ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးလေသည်။ 

 

အသည်း၏ အစာချေဖျက်နိုင်သော လုပ်ငန်းကို စွမ်းဆောင်နိုင်ပြီး မုန်လာဥဖြူတွင် ဆာလဖာဓာတ်ပါဝင်သောကြောင့် အသည်းနှင့်ခြေသည်းအိတ်များ၏ ကျန်းမာရေးကို ကောင်းမွန်စေသည်။ သည်းခြေရည်စီးဆင်းမှုကို တိုးစေပြီး အဆီကိုခြေဖျက်ပေးနိုင်သည်။ မုန်လာဥဖြူသည် ဆေးဖက်ဝင် အစွမ်းရှိသောကြောင့် အသက်ရှူလမ်းကြောင်းကို ထောက်ပ့ံသည်။ ဘက်တီးရီးယားကို ဆန့်ကျင်သော ဗိုင်းရပ်စ်ကို တားဆီးပေးသော အစွမ်းသတ္တိရှိ၍ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းတို့မှ သက်သာစေပါသည်။ စိတ်ကိုတည်ငြိမ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။

 

ကြက်သွန်မြိတ်သည် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကဲ့သို့ Alliaceae အနွယ်ပင်ဖြစ်သည်။ အာဟာရတန်ဖိုးသည်။ အတူတူပင်ဖြစ်သညကြက်သွန်မြိတ်တွင်လို့ ခေါ်သည့်ဓာတ် ပါဝင်သောကြောင့် မကောင်းသော အညစ်အကြေးတို့ကို တွန်းလှန်သော သွေးကြောများကို အကာအကွယ်ပေးသည်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေသော နို်တြစ်အောင်ဆိုက် ထုတ်လုပ်မှုကို တိုးစေသောအစွမ်းရှိ၍ သွေးကြောများကို သန်စွမ်းစေပြီး သွေးတိုးရောဂါကို သက်သာစေပါသည်။ ကြက်သွန်မြိတ်သည် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထက် နာတာရှည်ရောင်ရမ်းတဲ့ အခြေအနေကို တွန်းလှန်စေသည်။ 

 

နှမ်းဆီထည့်ချက်ရာတွင် နှမ်းစေ့တွင်ပါဝင်သော သွပ်၊ သံ၊ ကြေးနီစသော သတ္တုဓာတ်တွေ အပြည့်ပါဝင်သောကြောင့် အရိုးကို သန်စွမ်းစေသည်။ သွားခိုင်မာမှုဖြစ်ကာ အသက်ရွယ်ကြီးသော အမျိုးသမီးတွေအတွက် အရိုးပါးရောဂါမှ ကာကွယ်ပေးသည်။ ထို့အပြင် နှမ်းစေ့သည် ကင်ဆာဆဲလ်များ ကြီးထွားဖွံ့ဖြိုးမှုမဖြစ်အောင် ကာကွယ်နိုင်သည်။ ခေါင်းကိုက်မူးဝေ အော့အန်ခြင်းမှလည်း သက်သာစေသည်။ 

 

နှမ်းစေ့ (နှမ်းဆီ) ကို စားခြင်းကြောင့် အရေပြားယားယံခြင်းနှင့် အသားအရေကြမ်းတမ်းမှု မရှိအောင်လည်း ထိန်းသိမ်းပေးသည်။ ထို့ပြင် ရင်ကျပ်၊ ပန်းနာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာမှလည်း ကာကွယ်ပေးသည်။ အဆစ်ရောင်၊ ကိုလက်ကိုက်ခဲမှုလည်း သက်သာစေသည်။ ပထမဆန်လုံးညို (နို့ဆီဘူး) သုံးဘူးအား ရေစင်အောင်ဆေးပြီး(လက်နှင့်ကြမ်းတမ်းစွာ ပွတ်ပြီးမဆေးရ) သံဆန်ခါပေါက်သေးသေးနှင့် ရေစစ်ထားပါ။ ငါးရံ့ငါးအသားကို ရေဆေးပြီး အတုံးသေးသေးတုံးကာ၊ ဆား၊ အရသာမှုန့်၊ နနွင်းမှုန့် အနည်းငယ်ထည့်ကာ အချိန်ငါးမိနစ်ခန့် နှပ်ထားပါ။ ပုစွန်ကိုလည်း အခွံသင်ကာ ထားပါ။ (ပုစွန်တန်တန် ဆယ်ကောင်) မုန်လာဥဖြူကို အခွံနွာပြီး လက်နှစ်ဆခန့် အတုံးလေးများ တုံးပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ (ရေဖြင့်စင်အောင် ဆေးပြီးမှ လှီးရပါသည်။

 

ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ဆန်လုံးညိုအားမီးဖိုပေါ်တွင် တင်ထားသည့်အိုးထဲသို့ ထည့်ပြီး မီးအားအနည်းငယ်နှင့် ဆန်နီလာသည်အထိ လှော်ပါ။ ဆန်များနီလာလျှင် ခေတ္တဘေးသို့ဖယ်ထားပြီး ဒယ်အိုးထဲတွင် နှမ်းဆီသုံးဇွန်း (စားပွဲတင်ဇွန်း) ထည့်ကာ ဆီကျက်လာလျှင် ထောင်းထားသောချင်းကို ထည့်ပြီး ဆီသတ်ပါ။ ထို့နောက် ပုစွန်နှင့် ငါးတို့ကိုထည့်လိုက်ပါ။ 

 

ငါးသားနှင့်ပုစွန်ကျက်လျှင် ပဲငံပြာရည်အကြည်၊ ဆား၊ သကြားစသည်တို့အား အနည်းငယ်စီထည့်ပြီး ရေအနည်းငယ်ထည့်ကာ တည်ပါ။ ငါး၊ ပုစွန်ကို ဆီပြန်လာပြီး ရေကုန်လျှင် ဆန်လှော်ထားသော ဆန်လုံးညိုအိုးထဲသို့ လောင်းသွန်ကာထည့်ပြီး ရေနွေးနှင့် ရောကာ ဆူအောင်တည်၍ ဆန်လိုနှပ်လျှင် ဆား၊ အရသာမှုန့်၊ ကြက်သွန်မြိတ်ပါးပါး လှီးထားသည်တို့ကို ထည့်ပြီး သမအောင်မွှေကာ အဖုံးအုပ်ထားလိုက်သည်။ နူးနူးနပ်နပ်ဖြစ်လာလျှင် ဆန်အပျော့အမာ၊ အရည်အပျစ်၊ အကဲကို သင့်တော်သလိုချက်ပြီး အရသာအပေါ့၊ အငန်အနေတော်ထားပြီး စားသုံး၍ရပါသည်။


Credit:
မြမြလှိုင်
Wellness magazine, February 2015, Pg. 142-143



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18