Print

အမျှင်ဓာတ်နှင့်ကျန်းမာရေး

  01-Mar-2017
Preview Image

သင့်အား အမျှင်ဓာတ်လိုအပ်ကြောင်း ဆေးပညာရှင်များ၏ အကြံပေးမှုကို မကြာခဏကြားနေရပါလိမ့် မည်။ အမျှင်ဓာတ်သည် ကျန်းမာရေးအတွက် အလွန်ပင်အရေးကြီး သော အရာတစ်ခုဖြစ်သည်။ အမျှင်ဓာတ်သည်။ ကစီဓာတ်တစ်မျိုးဖြစ်သည်။ အပင်ကလာပ်စည်းများ၏ မျက်နှာပြငတွင်ပါဝင်သည်။ အရွက်များ၊ ပင်စည်များနှင့် အမြစ်များ ဖွဲ့စည်းတည်ဆောက်ရာတွင် အမျှင်ဓာတ်များပါဝင်သည်။ သကြားနှင့်ကော်ကဲ့သို့ မဟုတ်ဘဲ အစာအိမ်နှင့် အူလမ်းကြောင်းတို့၏ ခြေဖျက်ခြင်းကို ခံနိုင်ရည်ရှိသဖြင့် ဝမ်းတွင်းမူလအတိုင်း ပါဝင်လာလေ့ရှိသည်။ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများ စားသုံးခြင်းကြောင့် ကျန်းမာရေးအတွက် အထောက်အကူများစွာရရှိနိုင်မည်ဖြစ်ပြီး အမျှင်ဓာတ်ချို့တဲ့လျှင်လည်း ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။ အမျှင်ဓာတ်နှင့် ပတ်သက်သော အယူအဆတချို့ကို ဖော်ပြပေးထားပါသည်။ 

 

၁။ အမျှင်ဓာတ်အားလုံးသည် တူညီသောသဘောရှိသည်

ဤအယအဆမှာ မှားယွင်းပါသည်။ အခြေခံအားဖြင့် အမျှင်ဓာတ်နှစ်မျိုးရှိကြောင်း တွေ့ရသည်။ အဆိုပါ အမျှင်ဓာတ်နှစ်မျိုး၏ လုပ်ငန်းသဘာချင်း တူညီမှုမရှိပေ။ ရေတွင်မပျော်နိုင်သော အမျှင်ဓာတ်သည် ဂျံူ၊ အခွံမာသီးနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့ရသည်။ တည်ဆောက်ပုံသိပ်သည်းကြမ်းတမ်းမှုရှိသဖြင့် ရေတွင်ပျော်ဝင်နိုင်ခြင်းမရှိခြင်းဖြစ်သည်။ အစာအိမ်လမ်းကြောင်းတစ်လျှောက်ဖြတ်သန်းခဲ့ပြီး ဝမ်း၏ပမာဏကို များစေသည်။ 

 

ရေတွင်ပျော်ဝင်သော အမျှင်ဓာတ်များကို အုတ်ဂျံူ၊ ပဲအမျိုးမျိုး၊ မုယောစပါးနှင့် သစ်သီးတချို့တွင် တွေ့ရသည်။ ရေတွင် ပျော်ဝင်နိုင်ပြီး အစလမ်းကြောင်းမှ သကြားဓာတ်စုပ်ယူမှုကို ဟန့်တားပေးနိုင်သည်။ ထို့အပြင် သွေး၌မကောင်းသော ကိုလက်စထရော LDL (Low densityLipoprotein) ပါဝင်မှုကိုလည်း လျော့နည်းစေနိုင်သည်။ အစာလမ်းကြောင်းအတွက် အာဟာရဖြစ်စေသော ဖက်တီးအက်စစ်တည်ဆောက်မှုကို ကူညီပေးသည်။

 

၂။ အမျှင်ဓာတ်များသည် စွမ်းအင် (ကယ်လိုရီ) ပေးစွမ်းနိုင်စွမ်းမရှိပါ

ဤအယူအဆသည်လည်း မှားယွင်းပါသည်။ အမျှင်ဓာတ်များတွင် သကြားမော်လီကျူးများ ပါဝင်သည်။ လူ၏ အစာလမ်းကြောင်းမှ ခြေဖျက်နိုငစွမ်းမရှိသဖြင့် အသုံးမပြုနိုင်ခြင်းသာဖြစ်သည်။ အူမကြီးတွင်မှု ရေတွင် ပျော်ဝင်နိုင်သည့် အမျှင်ဓာတ်သည် ကာဘွန်အရေအတွက်နည်းသော ဖက်တီးအက်စစ်များအဖြစ် ပြောင်းလဲနိုင်သည်။ တချို့သော တိရိစ္ဆာန်များတွင် အမျှင်ဓာတ်ကိုခြေဖျက်မည့် ဇီဝဓာတ်ကူပစ္စည်းများ ရှိကြသည်။ 

 

၃။ အမျှင်ဓာတ်ဖြည့်စွက်ပေးခြင်းသည် ကျန်းမာရေးအတွက်ကောင်းမွန်သည်။

ဤအချက်မှာမှန်ကန်ပါသည်။ အမျှင်ဓာတ် ဖြည့်စွက်ထားသော အစားအစာများစားသုံးခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါသည်။ ရေတွင်ပျော်ဝင်သော အမျှင်ဓာတ်နှင့် ရေတွင် မပျော်ဝင်နိုင်သော အမျှင်ဓာတ် နှစ်မျိုးစလုံးသည် ရောဂါဝေဒနာကို ကာကွယ်နိုင်စွမ်းရှပြီး အထွေထွေကျန်းမာရေးကို မြှင်တင်ပေးနိုင်သည်။

 

၄။ အမျှင်ဓာတ်သည် အူမကြီးနှင့် အစာဟောင်းကင်ဆာကို ကာကွယ်ပေးနိုင်သည်။

သုတေသနပညာရှင်တချို့က အမျှင်ဓာတ်များစွာ စားသုံးသူများတွင် အူမကြီးနှင့် အစာဟောင်း အိမ်ကင်ဆာဖြစ်ပွားမှုနှုန်းနည်းကြောင်း တင်ပြခဲ့ကသည်။ အမျှင်ဓာတ်ကြွယ်ဝစွာ စားသုံးခြင်းသည် ကင်ဆာဖြစ်ပွားမှုကို ၄၀ ရာခိုင်နှုန်းအထိ လျော့နည်းစေသည်ဟုဆိုပါသည်။Harvardသုတေသနပညာရှင်များက အစားအစာတွင် အမျှင်ဓာတ်ပါဝင်မှုနှင့် အူမကြီးကင်ဆာဖြစ်မှုတို့ ဆက်နွှယ်ပတ်သက်မှုမရှိဟု ပြောဆိုခဲ့သည်။

 

၅။ အစားအစာတွင် အမျှင်ဓာတ်ပါဝင်မှုများလေ အကျိုးရှိလေဖြစ်သည်

သိပ္ပံပညာရှင်တချို့က နေ့စဉ် စားသုံးသော အစားအစာတွင် အမျှင်ဓာတ် ၃၈ ဂရမ်ပါဝင်သည်ဟု ဆိုသည်။ သို့သော် လူအများစားသုံးလျက်ရှကြသော အစားအစာများတွင် အမျှင်ဓာတ် ၁၅ ဂရမ်မျှသာ ပါဝင်ကြောင်း တွေ့ရသည်။ အမျှင်ဓာတ်ပမာဏများစွာ ရရှိနိုင်လျှင် နှလုံးရောဂါဖြစ်ပွာမှုကိုပင် လျော့နည်းစေနိုင်သည်။ အမျှင်ဓာတ်စားသုံးမှု ၂၀ ဂရမ်မျှ ရှိနေလျှင်ပင် ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်။ အစားအစတွင် အမျှင်ဓာတ်ပါဝင်မှုနည်းလျှင် ပြင်ပမှ ဖြည့်စွက်ပေးသင့်ပါသည်။ အမျှင်ဓာတ်နှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ကြည့်လျှင် -

 

• ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်သည်
• သွေးချိုဆီးချိုလူနာများအတွက် သကြားဓာတ်မျှတစေနိုင်သည်။
• အကျိုးပြုဗက်တီးရီးယားများကို အထောက်အကူဖြစ်စေသည်။
• သွေး၌မကောင်းသောကိုလက်စထရောဓာတ် လျော့နည်းစေနိုင်သည်။
• နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်သည်။
• အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာရောဂါကို ကာကွယ်မှုပေးနိုင်သည်။


Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စုအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18