Print

ပဲပြားအစွမ်း

  25-Feb-2017
Preview Image

ပဲပြား၏ ဂုဏ်သတ္တိမှာ အအေးဓာတ် ဖြစ်သည်။ အရသာမှာ ချို၏။ သရက်ရွက်၊ အစာအိမ်၊ အူမကြီး အတွက် ကောင်းကျိုးများ ပေးနိုင်သည်။ ပဲပြားကို ဟင်းသီးဟင်းရွက်နှင့် တွဲစားပေးပါက ခန္ဓာကိုယ်၏ အာဟာရဓာတ်များ စုပ်ယူအား ကို ပို၍ ကောင်းမွန်စေသည်။

 

စားသုံးသင့်သူ
ပဲပြားကို အသက်ကြီးငယ် မရွေး စားသုံးပေးနိုင်သည်။ အပူကြောင့် ပန်းနာရင်ကျပ် ဖြစ်သူ၊ နှလုံး သွေးကြော ရောဂါ ရှိသူ၊ ဝမ်းချုပ်သူ၊ ဆီးချို ရောဂါ ရှိသူ၊ အဝလွန်သူတို့ စားပေးသင့်ပါသည်။

 

မစားသုံးသင့်သူ
ပဲပြားကို အအေးဓာတ်ကြောင့် ရင်ကျပ် ရောဂါ ရှိသူများ မစားသင့်ပါ။

 

ပါဝင်သော ဓာတ်များ
ပဲပြားထဲတွင် ပရိုတင်းဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် E၊ အမိုင်နိုအက်ဆစ် တို့ ပြည့်ဝစွာပါသည်။

 

စားသုံးရန် ပမာဏ
ပဲပြားကို နေ့စဉ် ၈၀ ဂရမ် စားပေးနိုင်သည်။

 

သိမ်းထားရန်
ပဲပြားကို နောက်ရက်များ စားမည် ဆိုပါက ရေထဲတွင် စိမ်ထား၍ ရေခဲသေတ္တာထဲ ထည့်သိမ်း ထားနိုင်သည်။

 

ကောင်းကျိုး
ပဲပြားသည် လူ့ခန္ဓာကိုယ်ကို အာဟာရဓာတ် များစွာ ပေးနိုင်သည်။ လူ့ ခန္ဓာကိုယ် အတွက် လိုအပ်သော အမိုင်နိုအက်ဆစ် ၈ မျိုးကို ပြည့်ဝစွာ ပေးနိုင်သည်။ ပဲပြား စားခြင်းဖြင့် ကိုလက်စထရောနှင့် သွေးအတွင်းရှိ အဆီများကို ကျစေသည်။ သွေးကြောနှင့် ဆဲလ်များကို ကာကွယ်ပေးသည်။ ၎င်းအပြင် ပဲပြားသည် သွေးတိုးရောဂါ၊ သွေးတွင်း အဆီများခြင်း ၊ သွေးကြောမာခြင်း၊ နှလုံး သွေးကြောကျဉ်း ရောဂါ တို့ကို မဖြစ်စေရန် ကြိုတင် ကာကွယ်ပေးသည်။ ကင်ဆာ ကိုလည်း ခုခံ ကာကွယ်နိုင်သည်။

 

တွဲဖက် စားသုံးရန်
၁။ ဟင်းနုနယ်၊ ပဲပြား

ဟင်းနုနယ်နှင့် ပဲပြားကို တွဲဖက် စားသုံးပေးသင့် ပါသည်။ တွဲစားပါက ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာ ပေးနိုင်သည်။

 

၂။ ဟင်းရွက်စိမ်း၊ ပဲပြား

ဟင်းရွက်စိမ်းနှင့် ပဲပြားကို တွဲစားပေးသင့်ပါသည်။ တွဲစားပေးပါက အာဟာရ ဓာတ် ပြည့်ဝစေမည်။ အသည်းကို သန့်စင်ပေးမည်။ ကျောက်ကပ်ကို အားဖြည့်ပေးနိုင် သည်။ အရေပြားကို ဖြူဖွေးစေသည်။ အဆီချ ပေးနိုင်သည်။ ကျန်းမာ လှပ စေနိုင်သည်။ 

 

တွဲဖက်မစားရန်
၁။ ပဲပြား၊ ကြက်သွန်မြိတ် အသေး

ကြက်သွန်မြိတ် အသေးနှင့် ပဲပြား တွဲစားပေးရန် မသင့်ပါ။ တွဲစားပါက ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ် စုပ်ယူမှု ကျဆင်းစေနိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ယမုံအေး (စမ်းချောင်း)
Ziwaka magazine, March 2016, Pg. 145



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18