Print

သရက်သီး၏ကျနး်မာရေးကောင်းကျိုး

  25-Feb-2017
Preview Image

“အသီးမှာ သရက်” ဆိုတဲ့အတိုင်း သရက်သီးများကို လူတိုင်း နှစ်သက်လက်ခံကြပါတယ်။ အထူးသဖြင့် သရက်သီးများဟာ နွေရာသီးနှင့် မိုးရာသီများမှာ ပေါများစွာတွေ့ရတတ် ပါတယ်။ လတ်ဆတ်တဲ့ သရက်သီးများကို စားသုံးပေးခြင်း ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါတယ်။

 

မျက်စိအတွက် သရက်သီး
သရက်သီးအနှစ် တစ်ခွက်မှာ နေ့စဉ်လိုအပ်သော Vitamin A ပမာဏ ၂၅ ရာခိုင်နှုန်း ပါဝင်ပါသည်။ Vitamin A ဟာ မျက်စိအမြင်စွမ်းအားကို အထူးကောင်းမွန်စေ ပါတယ်။ ကြက်မျက်စိသင့်ခြင်း၊ မျက်လုံးများ အစိုဓာတ်ကင်းမဲ့ခြင်း၊ cornea (မျက်လုံးရှေ့တွင် ကာထားသော အလင်းပေါက်အမြှေးပါး) အားနည်းခြင်း၊ မျက်လုံး၊ မျက်ရိုးများကိုက်ခြင်း၊ မျက်ရည်ပူများကျခြင်းစတဲ့ ရောဂါများကို လတ်ဆတ်တဲ့ သရက်သီးကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။

 

အစာခြေမှုကို ကူညီခြင်း
သရက်သီးများမှာ အစာခြေပေးသော enzymes များပါဝင်ပြီး ပရိုတင်း များကို ခြေ ဖျက်ဖို့ရာ ကူညီပေးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ enzymes တစ်မျိုးဟာ အစာခြေမှု အားနည်းခြင်း၊ အချဉ်ပေါက်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ အစာအိမ်နာက ျင်ကိုက်ခဲမှု များအတွက် သရက်သီးအခွံကို အခြေခံပြီး ပြုလုပ်ထားတဲ့ ဆေးများဖြင့် သက်သာစေနိုင် ပါတယ်။

 

အိမ်ထောင်သုခအတွက်
သရက်သီးမှာပါဝင်တဲ့ Vitamin C ဟာ sex ဟော ်မုန်း များကို ကောင်းမွန်စွာ လည်ပတ်နေနိုင်သောကြောင့် သရက်သီးဟာ အိမ်ထောင်သုခ အတွက်လည်း အကျိုးရှိစေနိုင်ပါသည်။ 

 

သံဓာတ်အားနည်းသူများအတွက်
ကိုယ်ဝန်ဆောင် မိခင်များနှင့် အခြားသော သံဓာတ် အားနည်းသူများအတွက် သရက်သီးဟာ အကျိုးရှိစေပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ Vitamin C ဟာ သံဓာတ် စုပ်ယူမှုကို အားပေးပါတယ်။ အမျိုးသမီးများ သွေးဆုံးပြီးချိန်တွင် အာဟာရဓာတ် ပိုမိုလိုအပ်ပါတယ်။ ဒါကြောင့် သရက်သီးနှင့် တခြားသော သံဓာတ်ကြွယ်ဝသော သစ်သီးများကို စားသုံးပေးရန် လိုအပ်ပါတယ်။

 

မှတ်ဉာဏ်ကောင်းမွန်ခြင်း
သရက်သီးမှာ ပါဝင်တဲ့ Glutamine acid ဟာ ကလေးများအတွက် မှတ်ဉာဏ် ပိုမိုကောင်းမွန် စေခြင်း၊၊ အာရုံစူးစိုက်မှု ပိုမိုရရှိစေခြင်းတို့ကို အထောက်အကူပြုပါတယ်။

 

ကိုယ်ခံအားမြှင့်တင်ပေးတဲ့ သရက်သီး
လတ်ဆတ်တဲ့ သရက်သီးဖျော်ရည်တစ်ခွက်မှာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin c ပမာဏ တစ်ဝက်လောက်ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ခံ အားမြှင့် တင် ပေးခြင်း၊ တုတ်ကွေး၊ ဖျားနာခြင်းမှ ကာကွယ်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါတယ်။

 

သရက်သီးနှင့်အလှအပ
လတ်ဆတ်တဲ့ သရက်သီးကို စားသုံးပေးခြင်းအားဖြင့် သင့်ရဲ့ အရေပြားမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးများ ဖယ်ပေးခြင်း၊ အရေပြားကို တင်းရင်းစေခြင်းစတဲ့ အသားအရေကို တိုးတက်ကောင်းမွန်စေပါတယ်။

 

အိုမင်းမှုကို တားဆီးပေးခြင်း
သရက်သီးမှာ Vitamin A နှင့် Vitamin C ပါဝင်သောကြောင့် ခန္ဓာကိုယ်တွင်းရှိ collagen ပရိုတင်း များ ထုတ်ပေးရာမှာ ကူညီပေးနိုင်ပါတယ်။ collagen များ ဟာ သွေးကြောနှင့် တစ်သျှူးများကို တာရှည်ထိန်းသိမ်းပေးပြီး အရေပြားအိုမင်းမှုကို တားဆီးပေးနိုင် ပါတယ်။ ထို့ကြောင့်လည်း သရက်သီးကို antiageing အစာဟု တင်စားခေါ်ဝေါ်နိုင်ပါတယ်။

 

သရက်သီးကို အစိမ်းရော၊ အမှည့်ပါ စားသုံးနိုင်ပါတယ်။ အရေးကြီးပြီး ဂရုစိုက် ရမှာကတော့ လတ်လတ်ဆတ်ဆတ် ဖြစ်ဖို့နဲ့ အမှည့်လွန်အသီးတွေ မဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ်။ အမှည့်လွန်သရက်သီးတွေကို စားသုံးမယ်၊ အသုံးပြုမယ်ဆိုရင် အကျိုးရှိတဲ့ သရက်သီးဟာ အကျိုးမဲ့တဲ့ သရက်သီးဖြစ်သွားနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Wiki pedia
Health for all magazine, August 2015, No.103.Pg.87-88

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18