Print

အဆစ်ရောင်ရောဂါရှိသူတို့ ရှောင်သင့်သည့်အစားအစာများ

  25-Feb-2017
Preview Image

၁။ ပြုပြင်ထားသော အစားအစာနှင့်အနီရောင်အသားများ

ပြုပြင်ထားတဲ့ အစားအစာနဲ့ အနီရောင်အသားတွေမှာ နိုက်ထရိတ်နဲ့ ပျူရင်ခေါ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ သူတို့က ရောင်ရမ်းမှုကို ဖြစ်စေပြီး ခန္ဓာကိုယ်အတွင်း နာကျင်မှုဝေဒနာတွေ ရရှိနိုင်ပါတယ်။ 

 

၂။ သကြား

သကြားပမာဏကို များစွာစားတာကလည်း ရောင်ရမ်းမှုကို ဖြစ်စေတဲ့ AGEs အဆင့်တွေမြင့်မားနိုင်ပါတယ်။

 

၃။ နို့နှင့်နို့ထွက်ပစ္စည်းများ

နို့နဲ့နို့ထွက်ပစ္စည်းများစွာပါဝင်တဲ့ casein ပရိုတင်းဟာ ရောင်ရမ်းမှုဖြစ်စဉ်နှင့် နာကျင်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။

 

၄။ ပြောင်းဖူးဆီ

ပြောင်းဖူးဆီမှာ ရောင်ရမ်းမှုဖြစ်စဉ်ကို လှုံ့ဆော်ပေးနိုင်တဲ့ အိုမီဂါ၆ဖက်တီးအက်စစ်တွေ အများအပြားပါဝင်ပါတယ်။

 

၅။ ဖွပ်ဖွပ်ဖြူအောင် ပြုလုပ်ထားသော ဂျုံနှင့်ဆန်များ

ဒီအစားအစာတွေက ရောင်ရမ်းမှုကို ဖြစ်စေနိုင်တာကြောင့် အဆစ်နာကျင် မှု ဝေဒနာ ပိုဆိုးရွားနိုင်ပါတယ်။

 

၆။ ဥအမျိုးမျိုး

ဥ အထူးသဖြင့် အနစ်မှာ ပရိုစတာဂလက်ဒင်ထုတ်လုပ်နိုင်တဲ့ arachigonic အက်စစ်ပါဝင်ပါတယ်။ ပရိုစတာဂလက်ဒင်က ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Good Health Journal

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18