Print

ခန္ဓာကိုယ်တွင် အဆီမတက်အောင် ဘာတွေစားကြမလဲ

  25-Feb-2017
Preview Image

ငရုတ်သီး
ငရုတ်သီးမှာပါဝင်တဲ့ Capsaicin က ခန္ဓာကိုယ်အတွင်း အဆီဖြစ်ပေါ်မှု ကို လျှော့ချပေးပါတယ်။

 

ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးမှာ အဆီကိုလောင်ကျွမ်းစေနိုင်တဲ့ ထူးထူးခြားခြားအာနိသင် မရှိပေမယ့် ဆာလောင်မှုကို လျော့နည်းစေတာကြောင့် ကယ်လိုရီအဝင်နည်းပြီး အဆီဖြစ်ပေါ်မှုကို လျှော့ချပေးပါတယ်။

 

ဖရဲသီး
 ဖရဲသီးမှာ ရေနဲ့ အာဟာရဓာတ်ပြည့်ဝနေပေမယ့် ကယ်လိုရီကိုတော့ အနည်းငယ် သာ ရရှိစေနိုင်တာက ခန္ဓာကိုယ်မှာ အဆီမစုစေဖို့ ကောင်းတဲ့အချက်ပါ။ ဖရဲသီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ လိုင်ကိုပင်းအပြင် ဗီတာမင်အေနဲ့ စီတို့လည်း ပါဝင်ပါတယ်။

 

ပန်းသစ်တော်သီးနှင့် ပန်းသီး
ပန်းသစ်တော်သီးနှင့် ပန်းသီးတွေမှာလည်း ရေဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်မှုများတာကြောင့် ဆာလောင်မရှိဘဲ ဝမ်းဗိုက်ပြည့်တင်းနေစေ ပါတယ်။ 

 

စပျစ်သီးနှင့် စပျစ်သီးခြောက်
စပျစ်သီးနဲ့ စပျစ်သီးခြောက်တွေ စားပြီးတဲ့အခါ စိတ်ကျေနပ်မှုကို ဖြစ်စေတာကြောင့် အစာစားသုံးမှုကို လျော့နည်းစေပါတယ်။

 

ဘယ်ရီသီး
ဘယ်ရီသီးမှာ ရေနှင့်အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဗိုက်ပြည့်တင်းနေစေ ပါတယ်။ ဘယ်ရီသီးရဲ့ အချိုဓာတ်က သရေစာစားသုံးချင်စိတ်ကို လျော့နည်းသွားစေ ပါတယ်။ ဒါ့အပြင် ဘယ်ရီသီးကနေ အင်တီအောက်ဆီးဒင့်တွေ များစွာရရှိနိုင်ပါတယ်။

 

ဟင်းသီးဟင်းရွက်
သရေစာတွေ စားရမယ့်အစား ဟင်းသီးဟင်းရွက်ကို ရေနွေးဖျောပြီးသုပ်စားပါ။ ခန္ဓာကိုယ်တွင်း အဆီပိုတွေ မဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

 

ကန်စွန်းဥ
ထောပတ်၊ ခရင်မ်၊ ချိစ်တွေစားမယ့်အစား ကန်စွန်းဥစားပေးတာက ခန္ဓာကိုယ်မှာ အဆီပိုတွေ မတက်စေဖို့ တားဆီးရာရောက်ပါတယ်။

 

ရှာလကာရည်
သင် ဟင်းရွက်သုပ်စားတဲ့အခါ ဆီနဲ့ ရှာလကာရည်ကို အသုံးပြုပြီး သုပ်တာကြောင့် ခန္ဓာကိုယ်တွင်းမှာ အဆီတွေကို လောင်ကျွမ်းစေတဲ့ အာနိသင်ကို ရရှိစေပါတယ်။ လေ့ လာမှုတွေအရ ရှာလကာရည်က အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင် (ဆေးဝါးတက္ကသိုလ်)
Good Health Jurnal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18