Print

ပိုတက်ဆီယမ်ဓာတ်ဆား လျော့နည်းရခြင်း အကြောင်းရင်း

  25-Feb-2017
Preview Image

အဖြစ်များတာကတော့ ဆီးဆေး ဒါမှမဟုတ် ဆီးသွားတာ များစေတဲ့ ဆေးဝါးတမျိုးမျိုးကြောင့် ဆီးသွားတာများပြီး ဆီးလမ်းကြောင်းကနေ ဓါတ်ဆားဆုံးရှုံးတာ များတဲ့အခါ မျိုးပါ... အန်ခြင်း၊ ဝမ်းလျောခြင်း စတဲ့ ကိုယ်ခန္ဓာထဲက အရည်ဓါတ်တွေ ဆုံးရှုံးတာများတဲ့ အခြေအနေမျိုးမှာလည်း အူလမ်းကြောင်းထဲမှာရှိတဲ့ ပိုတက်စီယမ်ဓါတ်တွေဆုံးရှုံးတတ်ပါတယ်...

 

အခြား ပိုတက်စီယမ်ဓါတ် လျော့နည်းစေတဲ့ အကြောင်းအရာတွေကတော့-

- နာတာရှည် ကျောက်ကပ်ရောဂါ ရှိခြင်း
- ဝမ်းလျောဝမ်းပျက် ဖြစ်ခြင်း
- ပျို့အန်ခြင်း
- ချွေးထွက်လွန်ခြင်း
- အရက် အလွန်အကျွံသောက်ခြင်း
- Folic acid ချို့တဲ့သောရောဂါ
- အချို့ ရောဂါများ (Diabetic ketoacidosis, Primary aldosteronism) စတဲ့ အခြေအနေတွေပါ...

 

Ref : ကြယ်မင်းတာရာ
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18