Print

ငှက်ပျောသီးနဲ့ ဆီးဆေးအကြား ဆက်စပ်မှု

  25-Feb-2017
Preview Image

ငှက်ပျောသီးက ကျောက်ကပ်သမားတွေမှာ အဓိကရှောင်ရမယ့် အသီးဖြစ်ပါတယ်။ တချို့လူနာတွေကိုကျတော့ ဆီးဆေးသောက်တဲ့နေ့ဆို ငှက်ပျောသီးစားဆိုပြီး ဆရာမတို့က ပြောတတ်ပါတယ်။ အဲဒါရိုးရိုးလူနာတွေ အတွက်ပါ။ ကျောက်ကပ်ပျက်နေတဲ့ လူနာတွေအတွက်ကျတော့ ငှက်ပျောသီးစားစရာမလိုပါဘူး။ အဲဒီနှစ်မျိုးက ရောနေတတ်ပါတယ်။

 

ဆီးဆေးသောက်ရင် ဘာလို့ငှက်ပျောသီးစားခိုင်းတာလဲဆိုတော့ ဆီးသွားတဲ့အခါ တခြားဓာတ်တွေအပြင် ပိုတက်ဆီယမ်ဓာတ်တွေ နည်းသွားတာကြောင့် ပိုတက်ဆီယမ်ဓာတ် ပေါပေါများများပါတဲ့ ငှက်ပျောသီးကို စားခိုင်းတာဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ထဲမှာ ပုံမှန်ဖြစ်နေရင် လုံလောက်ပါတယ်။ များလွန်းရင်လည်း နှလုံးခုန်းနှုန်းလျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ကို သင့်တင့်မျှတတဲ့ အချိုးအစားနဲ့ ထိန်းထားဖို့လည်း လိုပါတယ်။

 

ဒီတော့ ဆီးဆေးသောက်ပြီး ဆီးများများသွားလိုက်တဲ့အခါ ပိုတက်ဆီယမ်ဓာတ်တွေ လျော့သွားတာကြောင့် အဲလိုလူနာတွေမှာ ပိုတက်ဆီယမ်ဓာတ် ပြန်ဖြည့်ဖို့ ငှက်ပျောသီး စားခိုင်းတာပါ။ အဲလိုလူနာတွေက ဆီးဆေးပေးတတ်ပါတယ်။ အဲလို လူနာတွေက ကျောက်ကပ်ပျက်စီးတဲ့ အဆင့်အထိ မရောက်သေးပါဘူး။ဆီးထွက်နည်းတာ၊ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါဖြစ်နေတဲ့သူတွေမှာ ဆီးဆေးပေးတတ်ပါတယ်။ အဲလို လူနာတွေလောက်ပဲ ဆီးဆေးပေးတဲ့အခါ ငှက်ပျောသီး စားဖို့ပြောတာပါ။ အဲဒါကို အမှတ်မှားပြီး ဆီးဆေးသောက်ရတဲ့ လူနာတိုင်း ငှက်ပျောသီးစားရမယ်လို့ ထင်နေတာပါ။ ကျောက်ကပ်လူနာတွေ မပါပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.285, April 2016, Pg. 640



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18