Print

တမာရွက် ၏ဆေးဖက်ဝင် အာနိသင်

  25-Feb-2017
Preview Image

တမာရွက် မှာ ဆေးဖက် ဝင် အာနိသင် တွေရှိ တယ်ဆိုတာ လူအ များစုက သတိပြု မိကြပါတယ်။ တမာရွက်တင်မက တမာခေါက်တွေ ကို အိန္ဒိယမှာ အလွန်ထင်ရှား တဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ပါတယ်။ အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ ့ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီးအသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါပေ မဲ့ တမာရွက်ကို များများစားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြ တာကြောင့်အသင့်အတင့်သာ စားပေးသင့်ပါတယ်။

 

(၁) ပိုးသတ်အာနိသင်ရှိပါတယ်

တမာရွက်မှာ ဘက်တီးရီးယား၊ ကပ်ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ဗိုင်းရပ်စ်တွေ ကို ဆန့်ကျင်နိုင်တဲ့ပိုးသတ်အာ နိသင်တွေရှိပါတယ်။ ဒါကြောင့် အနာ ပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီးတို့စားတာ၊ တမာရွက်ကို ကျိုပြီးရလာ တဲ့ ရေနဲ့ အနာကိုဖန်ရည်ဆေး တာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

 

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ပိုးမွှား တွေကို သေစေနိုင်ပါတယ်

သင့်ခန္ဓာကိုယ်အရေပြားယားယံ နေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက်ပါ။ တမာရွက်ရဲ့ဆေးဖက်ဝင်အာနိသင်ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

 

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်

သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမ ဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာဆီကို လိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အနာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှတွန်းလှန်ပေးပြီး အနာကျက်မြန်စေပါတယ်။

 

(၄) အရေပြားအနာတွေအတွက် ဆေးစွမ်းကောင်းပါ

နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မ တည့်တာ၊ အရေပြားမှာ အနီကွက်ပေါ်တာ၊ အရေပြားမှာ ယားနာပေါက်တာ စတဲ့ အရေပြားဝေဒနာအားလုံး အမြန် သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကိုအသုံး ပြုပေးပါ။

 

(၅) မီးလောင်ဒဏ်ရာကိုအမြန်သက်သာစေပါတယ်

မီးလောင်တာကြောင့်ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေးပါ။ အရေပြားကို အနာအမြန်ကျက်စေပြီး ပိုးမဝင်အောင်နဲ ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

(၆) ဆံပင်သားကျန်းမာစေပါတယ်

တခြားဆံပင်လိမ်းဆီအစား ဆံပင် မှာ တမာဆီကို လိမ်းပေးရင် ဆံပင်မဖြူ အောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထ တာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေကို သက်သာလျော့ပါးစေပါတယ်။

 

(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှု ကို သက်သာစေပါတယ်

တမာဆီကို နာကျင်နေတဲ့ ကြွက် သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ်ပေး ရင်ရိုးဆစ်ရောင်ရမ်းနာ၊ဂေါက်အ ဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

 

(၈) အစာခြေစနစ်ကိ ု ကောင်းမွန်စေပါတယ်

တမာရွက်ကို ပြုတ်ပြီးစားပေးရင် အရသာခံအာရုံ မကောင်းတာကို သက် သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာစေပါတယ်။ ရင်ပူမှုမဖြစ်အောင် လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

(၉) သန်ကောင်တွေကို ကင်းစင်စေပါ တယ်

တမာရွက်ကို ပြုတ်ပြီးစားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန် ကောင်တွေကိုတွန်းလှန်ပေးနိုင်တဲ့ အ စွမ်းရှိပြီး အူလမ်းကြောင်းရဲ့လုပ်ငန်း ဆောင်တာတွေကို ကျန်းမာစေလို့ပါ။

 

(၁၀)သွေးသန့်စင်စေပါတယ်

တမာရွက်ကို ပုံမှန်စားပေးရင်သွေးသန့်စင်စေပါတယ်။ တမာရွက်ဟာ သွေး ထဲကအညစ်အကြေးတွေကိ ု ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေ ပါတယ်။

 

(၁၁)သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်

တမာရွက်ကို ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။အကြောင်းက တော့ တမာရွက်ဟာ သွေးတွင်းသကြား ဓာတ်ကို ပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်လို့ပါ။

 

(၁၂)ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်

တမာရွက်ကိုစားပေးရင်ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုသန်စွမ်းကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်းစေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်းအတာ တစ်ခု အထိ တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ကြယ်စင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18