Print

ဗီတာမင်စီ ချို့တဲ့ခြင်း၏ လက္ခဏာများ

  25-Feb-2017
Preview Image

ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် ခံစားရသည့်ရောဂါကို scurvy ဟု ခေါ်ပါသည်။ scurvy ရောဂါ၏ ရှေးဦးလက္ခဏာများမှာ သွေးကြောများ အားနည်းခြင်းကြောင့် သွားဖုံး များရောင်ရမ်းပြီး သွေးယိုခြင်း၊ အရေပြားတွင် သွေးခြေဥခြင်းတို့ဖြစ်ပါ သည်။ နောက်ပိုင်း လက္ခဏာများမှာ ဒဏ်ရာများကျက်ရန် ခဲယဉ်းခြင်း၊ ကျက်ပြီးသားဒဏ်ရာ ပြန်၍ပြဲသွား တတ်ခြင်းတို့ ဖြစ်ပါသည်။ အရိုးရှည် (Long bone) များ၏ အဖျားပိုင်းတွင် ပျော့လာခြင်း၊ နာခြင်း၊ ကျိုးခြင်းတို့ဖြစ်တတ်ပါသည်။

 

သွားများ ကျွတ်ထွက်ခြင်း၊ အဆစ်များ၏ ပတ်ပတ် လည်တွင်လည်းကောင်း၊ အစာအိမ်နှင့် နှလုံးတွင်လည်းကောင်း၊ သွေးယိုခြင်း တို့လည်း ဖြစ်နိုင်ပါသည်။ ပြင်းထန်သည့် scurvy ရောဂါကို ထိရောက်စွာမကုသပါက ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာများတွင် သွေးယိုခြင်းကြောင့် အသက်ပင် သေဆုံးနိုင် ပါသည်။ မြန်မာတို့သည် ဟင်းသီးဟင်းရွက်များ၊ အချဉ်သီးများကို ဖောဖောသီသီ စားသုံးတတ်ခြင်း၊ ရာသီပေါ်သီးနှံများကို စားသုံးတတ်သည့်ဓလေ့ရှိခြင်းကြောင့် scurvy ရောဂါကို မတွေ့ရသလောက်ပင် ရှားပါးပါသည်။

 

ဗီတာမင်စီရနိုင်သည့် အစားစာများ
သံပရာ၊ သံပရို၊ လိမ္မော် စသည့် အရသာချဉ်သော အသီးများသည် ဗီတာမင်စီ အထူးကြွယ်ဝကြပါသည်။ ဗီတာမင်စီကြွယ်ဝသော အခြားအစားအစာများမှာ ဆီးဖြူသီး၊ မာလကာသီး၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ကိုက်လန်၊ ကညွှတ်၊ ဘယ်ရီသီးအမျိုးမျိုး (berries)၊ နာနတ်သီး၊ ငရုတ်သီး စသည်တို့ဖြစ်ကြပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)
ဗီတာမင်အမေးအဖြေများစာအုပ်မှ ကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18