Print

အပူဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ

  25-Feb-2017
Preview Image

နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်းခြောက် မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။

 

(၁) ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တာကြောင့် နွေရာသီမှာ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ဝမ်းဗိုက် ချပ်ရပ် စေပါတယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

 

(၂) ဒိန်ချဉ်

ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့် စေပါတယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါဝင် တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပိုတွေကို တွန်းထုတ် နိုင်သလို အကျိုးပြု ဘက် တီးရီးယား ပါဝင်မှုကြောင့် လေပွတာနဲ့ လေထတာကို လျော့ကျ စေပါတယ်။

 

(၃) သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်း ရှိပါတယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ်ရပ် လိုသူတွေ စားသင့်တဲ့ သရေစာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ကြယ်စင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18