Print

အစားအစာပူပူနှင့် ပလပ်စတစ်ခွက်

  25-Feb-2017
Preview Image

အစားအစာပူပူကို ပလပ်စတစ် ပန်းကန်ခွက်ယောက်များတွင် ထည့်ပြီးစားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်သည်ဟု ဆိုပါသည်။ ပလတ်စတစ် အသုံးဆောင် များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ်နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ်လာသော ပစ္စည်းများဖြစ်သည်။ ပလတ်စတစ် ပန်းကန်များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာများကို ထုတ်ပိုးရာတွင်လည်း ကောင်း လွယ် လင့်တကူ အသုံးပြုလာကြသည်။ သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်းပစ္စည်းများ၊ ပလတ်စတစ် အသုံးအဆောင်များတွင် အစားအစာပူပူကို ထည့်သွင်းအသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက်စေကြောင်း သိရှိရသည်။ 

 

ထိုင်ဝမ်သုတေသီများက ပလတ်စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကိုထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင်ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယအုပ်စုတွင် ကြွေပန်းကန်များကို အသုံးပြုစေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီတိုင်းတွင် ဆီးနမူနာများကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။ သုံးပတ်ကြာသည့် အခါအုပ်စုနှစ်စု အသုံးပြုသည့် ပန်းကန်အမျိုးအစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ 

 

ထို့နောက်ရလဒ်များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ်ပန်းကန် များကို အသုံးပြု ပြီး ခေါက်ဆွဲပူပူများကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ်စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူများ၏ ဆီးနမူနာ တွင်မူ အန္တရာယ်ရှိသော အဆိုပါ ကွန်ပေါင်းများကို မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

 

ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန်ခွက်ယောက်များတွင် ထည့်သွင်းစားသုံးခြင်း သည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြောင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန်မြင့်သော အစားအစာများ ပေါင်းစပ်လိုက်ပါက ကြာလာ လျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာအချိန်အတွင်း၌ အဆိုပါ အာနိသင်က သိသာထင်ရှားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရခက်ခဲခြင်း၊ ဆီးကျောက်တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိတ်ရသည့် အခြေအနေသို့ ပင်ရောက်ရှိနိုင်ကြောင်း ရှင်းပြထားပါသည်။ 

 

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက်များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသင်ကို မတွေ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာမှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက် တည်ခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်စေနိုင်သည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: Aye Chan Mon



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18