Print

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးရဲ့ အစွမ်းနဲ့ နည်းလမ်း

  25-Feb-2017
Preview Image

အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။

 

ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြ ပါပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုး အဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။

 

ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင် ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါ ဘဲ။ ထောပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေ က လူခန္ဓာကိုယ် ဝမ်းဗိုက်ဆီကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။

 

နောက်ထပ် လုပ်နိုင်တာတွေလည်း ရှိပါတယ်။ နေလောင်ထားတဲ့သူတွေ မှာ ဖြစ်တတ်တဲ့ အမည်းကွက်နဲ့ ခြေသလုံးမှာ နေလောင်ခံရလို့ အမည်းကွက်ရှိနေ သူတွေအတွက် ထောပတ်သီး အတွင်းသားကို ထုတ်ယူပြီးပွတ်သပ်လိမ်းပေးခြင်း ဖြင့်လည်း အမဲကွက်တွေကို ပျောက်ကင်းစေ ပါတယ်တဲ့။

 

ထောပတ်သီးဟာ အသားအရေကိုလည်း ချော့မွေ့ စေတဲ့ အတွက် ခန္ဓာကိုယ် ကိုလည်း လိမ်းပေးနိုင်ပါတယ်။ ထောပတ်သီးရဲ့ ထူးခြားမှု နောက်တခု ကတော့ နှလုံးသွေးကြောကျဉ်းရောဂါကို ထိန်းသိမ်း ကာကွယ် ပေးနိုင်တယ်ဆိုတာပါ ပဲ။

 

နှလုံးရောဂါဟာ လူကို သေစေလောက်တဲ့အထိ အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။ အမေရိကန်မှာ ဆိုရင် နှလုံး ဆိုင်ရာအသင်းကြီးဖြစ်တဲ့ The American Heart Association (AHA) က ဆိုရင် နှလုံးရောဂါ သည်တွေအတွက် ဓာတ်စာ သစ်သီး ၅ မျိုးကို အဓိက လမ်ညွှန်ပြီး စားသုံးဖို့ကို ထောက်ခံချက်ပေးရာ မှာ ထောပတ်သီး က အဓိက ပါဝင်ပါတယ်။

 

ဘာကြောင့်လည်းဆိုတော့ ထောပတ်သီးမှာ ပါဝင်တဲ့ အထက်ကပြောခဲ့သလို ပိုတက်ဆီယမ်ဟာ အဆီနဲ့ ကိုလက်စထရော ( fat and cholesterol) တွေကို လျော့ ကျစေလို့ ဖြစ်ပါတယ်။ ဝမ်းဗိုက် အဆီတက်လို့ စိတ်ပျက်နေသူများအတွက် နောက်ထပ် စားသုံးသင့်တာလေးတွေကတော့ အစေ့အဆံ ပါတဲ့ အစား အစာတွေကို စားပေးသင့် ပါတယ်။

မြေပဲ၊ သံလွင်သီး အစေ့၊ နေကြာစေ့ အစရှိတဲ့ အစေ့အဆံ ပါဝင်တဲ့ အစားအစာ တွေဟာ ဝမ်းဗိုက် အဆီကိုလျှော့ချပေးတဲ့အတွက် ဝမ်းဗိုက်ချပ်စေ မှာဖြစ်ပါတယ်။ နောက်တမျိုး ဗိုက်ချပ်စေနိုင်တဲ့ အစာကတော့ အမည်းရောင်ချော့ကလက်( dark chocolate ) ပါဘဲ။

 

အမည်းရောင် ချော့ကလက်ကို နေ့စဉ် စားပေးခြင်းဟာ ဗိုက်ချပ်စေပါတယ်တဲ့။ ဝမ်းဗိုက်ပူလို့ စိတ်ပျက်နေတဲ့သူတွေအတွက် လွယ်ကူ အောင် စားသုံးပေးနိုင်တဲ့ နည်းလမ်းကောင်းလေး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် သိထားတဲ့ အကြောင်း အရာလေး တွေကို မျှဝေ ပေးလိုက်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
အိမ့်သံစဉ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18