Print

မနက်ပိုင်းမှာသောက်ရင် လူကိုဝစေတဲ့ အရာ (၄) မျိုး

  25-Feb-2017
Preview Image

ကိုယ်အလေးချိန်လျော့ကျဖို့ ကြိုးစားနေသူတွေအတွက် မနက်ခင်းမှာ မသောက်သင့် တဲ့အရာတွေကို ဖော်ပြလိုက်ပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့ ညီညွတ်ကောင်း ညီညွတ်ပေမယ့် ကိုယ်အလေးချိန် တက်စေနိုင်တာကို သတိပြုသင့်ပါတယ်။

 

၁။ ချောကလက်နဲ့နို့

နွားနို့နဲ့ချောကလက်ကို ရောထားတဲ့ ဖျော်ရည်မျိုးက တကယ်ပဲ ဝစေနိုင်ပါတယ်။ ဝိတ်ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဒီဖျော်ရည်ကို ကျောခိုင်းလိုက်ပါ။ နွားနို့နဲ့ယှဉ်ရင် အာဟာရဓာတ် နည်းပါးပေမယ့် ကယ်လိုရီကျတော့ ပိုများနေတဲ့ဖျော်ရည်မို့လို့ပါပဲ။

 

၂။ ငှက်ပျောသီးမစ်ခ်ရှိတ်

ကယ်လ်ဆီယံနဲ့ ပိုတက်ဆီယံဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့သစ်သီးပါ။ ဒါပေမဲ့ နို့နဲ့ပေါင်းစပ်လိုက်တဲ့အခါ မစ်ခ်ရှိတ်တစ်ခွက်တည်းနဲ့တင် ကယ်လိုရီအတော်များများ ပါဝင်သွားတော့ မနက်ပိုင်း သောက်မယ်ဆို တစ်ကြိမ်လောက်တော့ ပြန်စဉ်းစားပါဦး။

 

၃။ အဆီများတဲ့ဒိန်ချဉ်

ဒိန်ချဉ်သောက်ခြင်းက အသားအရေလှပစေနိုင်ပြီး အစာအိမ်နဲ့အူလမ်းကြောင်း ကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမဲ့ အဆီများတဲ့ဒိန်ချဉ်ဆိုရင်တော့ မကောင်းပါဘူး။ သင့်ရဲ့ဒိန်ချဉ်တစ်ခွက်မှာတင် ကယ်လိုရီ ၂၀၀ လောက် ပါဝင်သွားပါပြီ။

 

၄။ ရှယ်ကော်ဖီ

ရှယ်လို့ပြောပြီး ရောင်းနေတဲ့ ကော်ဖီဘူးတွေနဲ့ လက်ဖက်ရည်ဆိုင်က နှပ်ဖျော် (ရှယ်ကော်ဖီ) တွေမှာ နို့ဆီတွေ ဖောဖောသီသီ သုံးထားပြီး သကြားတွေကဲထားလို့ ဝိတ်လျော့နေသူတွေ အတွက်တော့ ရှောင်ကြဉ်သင့်တဲ့အရာတစ်ခုပါပဲ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: ဖိုးသူတော် 
duwun

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18