Print

သက်သတ်လွတ်စားသူတို့ မဖြစ်မနေစားသင့်သည့် အစားအစာ ၅ မျိုး

  25-Feb-2017
Preview Image

သက်သတ်လွတ်စားသူတွေဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရရှိဖို့အတွက် အာဟာရဓာတ်တွေ များစွာလိုအပ်ပါတယ်။ အောက်ပါအစားအစာ ၅ မျိုးက သက်သတ်လွတ်စားသူတို့ မဖြစ်မနေ စားသင့်တဲ့အစားအစာပါ။

 

အစေ့အဆံများ
ဗာဒံစေ့၊ သစ်ကြားစေ့လိုမျိုး အခွံမာသီးတွေမှာ ပရိုတင်းဓာတ်တွေ များစွာပါဝင်ပါသည်။ ဂုန်လျှော်စေ့လိုမျိုး အစေ့အဆံတွေမှာလည်း မပြည့်ဝဆီတွေများစွာ ပါဝင်ပါတယ်။ နေ့စဉ် လက်တစ်ဆုပ်စာ ဒီလိုအစေ့အဆံတွေ စားတာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်၊ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ သံဓာတ်တွေ ရရှိသွားနိုင်ပါတယ်။

 

နို့နှင့် နို့ထွက်ပစ္စည်းများ
နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပရိုတင်းတွေ များစွာပါဝင်တဲ့အပြင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီလည်း ပါဝင်တာမို့ သက်သတ်လွတ်စားသူတို့ စားသင့်တဲ့ အစားအစာပါ။

 

ပဲအမျိုးမျိုး
ကုလားပဲခြမ်းနဲ့ ပဲနီလေးအပါအဝင် ပဲအမျိုးမျိုးက သက်သတ်လွတ်စားသူတွေ အတွက် အလွန်အရေးကြီးပါတယ်။ သူတို့မှာ ပရိုတင်းများစွာ ပါဝင်တဲ့အပြင် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာပါဝင်တာကြောင့်ပါ။

 

ကောက်နှံတစ်ခုလုံးပါဝင်စာ
ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ ဆန်လုံးညိုနဲ့ အုပ်စပါး အစားအစာတွေက သက်သတ်လွတ်သမားတွေအတွက် ကာဗိုဟိုက်ဒရိတ်ဓာတ် ရရှိစေနိုင်တဲ့အပြင် သွပ်ဓာတ်၊ သံဓာတ်နဲ့ ကော့ပါးလိုမျိုး သတ္တုဓာတ်တွေကိုလည်း ရရှိစေနိုင်ပါတယ်။

 

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ
သူတို့မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင် တတ်တာကြောင့် သက်သတ်လွတ်စားသူတို့အတွက် အရေးကြီးတဲ့ အစားအစာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No.284, March 2016, Pg. 4



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18