Print

သခွားမွှေးသီး၏ ကျန်းမာရေးကောင်းကျိုးများ

  25-Feb-2017
Preview Image

ဆေးလိပ်ဖြတ်ရန် ကူညီပေးတယ်
သခွားမွှေးသီးက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေအနေနဲ့ စားသုံးဖို့ သင့်တော်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အချိန် ခန္ဓာကိုယ်ထဲမှာ နီကိုတင်း ပြတ်လပ် တာကြောင့် ခံစားရတဲ့ ဝေဒနာတွေကို သခွားမွှေးသီး စားသုံးပေးပါက သက်သာစေပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် A ကို ပြန်ဖြည့်ပေးလို့ အမြန်ဆုံး သက်သာစေပါတယ်။

 

ကိုယ်အလေးချိန် လျော့နည်းစေတယ်
သခွားမွှေးသီးမှာ ကယ်လိုရီပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်ကို လျော့နည်းစေပါတယ်။ သခွားမွှေးသီး များများစားပါက အပိုကယ်လိုရီ စားသုံးမှုကို ထိန်းချုပ်နိုင်ပါတယ်။ အမျှင်ဓာတ်က အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ကြာကြာရှိနေနိုင်လို့ ဆာလောင်မှုကို လျော့နည်းစေပြီး ကိုယ်အလေးချိန် လျှော့ချပေးပါတယ်။ အလွန်အကျွံ စားသုံးရင်တော့ အစာခြေတဲ့ဖြစ်စဉ်ကို နှေးစေပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန် စားသုံသင့်တယ်
အမျိုးသမီးတွေ သားသမီးယူဖို့ ကြိုးစားနေချိန်ကတည်းက ခန္ဓာကိုယ်မှာဖောလစ်အက်စစ် လုံလောက်နေဖို့ လိုပါတယ်။ သခွားမွှေးသီးမှာ ဖောလိတ်များစွာ ပါဝင်လို့ ဆဲလ်တွေ မပျက်စီးအောင် ထိန်းပေးပြီး ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ဖောလိတ်မလုံလောက်ပါက သန္ဓေသားမှာမွေးရာပါချို့ယွင်းမှုကို ဖြစ်စေပါတယ်။ သခွားမွှေးသီးက ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးပြီး ခန္ဓာကိုယ်တွင်းမှ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ထုတ်ပေးပါတယ်။

 

သွားနာတာကို ကုသနိုင်တယ်
သခွားမွှေးသီးအခွံက သွားနာတာကို ထိရောက်စွာ ကုသနိုင်ပါတယ်။ သခွားမွှေးသီးအခွံ ၆ ဂရမ်ကို ရေထဲထည့်ပြီး ဆူပွက်တဲ့အထိ ချက်ပေးပါ။ ဆူပွက်လာပါက မီးဖိုပေါ်ကချပြီး အအေးခံပါ။ အဖတ်တွေကို စစ်ပြီးဖယ်လိုက်ပါ။ ရလာတဲ့အရည်နဲ့ ပလုတ်ကျင်းပေးပါက သွားနာတာကို သက်သာစေပါတယ်။

 

သခွားမွှေးသီး လက်ဖက်ရည်
သခွားမွှေးသီးအမြစ်ကို လက်ဖက်ရည်လုပ်ပြီး သောက်ပေးပါက ဆီးရွှင်စေပါတယ်။ ပျို့အန်ချင်တာကို သက်သာပျောက်ကင်းစေပါတယ်။

 

အရေပြားကို ရေဓာတ်ဖြည့်ပေးတယ်
သခွားမွှေးသီးထဲမှာ ဗီတာမင် K ၊ဗီတာမင် E တွေပါဝင်လို့ အရေပြား ကျန်းမာစေပြီး ကြည်လင်တောက်ပစေပါတယ်။ ရေဓာတ်ပါဝင်မှုများလို့ အရေပြားကို ရေဓာတ်ဖြည့်ပေးပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင် B ၊ ကိုလင်းနဲ့ ဘက်တိန်းတွေ ပါဝင်လို့ အသားအရေကို နူးည့ံစိုပြည်စေပါတယ်။ သခွားမွှေးသီးအရည်ကို အရေပြားပေါ် လိမ်းပေးပါက အသားအရေ နူးည့ံပျော့ပျောင်းပြီး စိုပြည်လှပစေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.270, January 2015, Pg.105-106

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18