Print

ချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်

  25-Feb-2017
Preview Image

ချဉ်ပေါင်ပင် တစ်ပင်လုံးကို အကျိုးရှိရှိ အသုံးပြုနိုင် ပါသည်။ ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို ၊ ချဉ်ရည် ဟင်း... စသည့် ထမင်းမြိန် ဟင်းလျာများ အဖြစ် စာလေ့ရှိကြ ပါသည်။ တချို ့ အရပ်ဒေသများ တွင် အရွက် ရင့်ရင့်၊ အပွင့်နှင့် အသီးတို ့ ကို နေပူပူ တွင် အခြောက်လှန်း ပြီး လက်ဖက်ရည်ကြမ်း လုပ်သောက် ကြပါသည်။

 

အသား ထူသည့် အနီရောင် ချဉ်ပေါင်ဖူးတို ့ကို လည်း ကြော်၍ သော် လည်းကောင်း၊ ချဉ်ရည်ဟင်း အဖြစ်လဲ ချက်စားနိုင်ပါသည်။ ထို ့ပြင် ချဉ်ပေါင် ဖူးနှင့် ချဉ်ပေါင်ပွင့်တို ့ကိို ထန်းလျက်(သို ့မဟုတ်) သကြား ဖြင့် ယိုထိုး၍ သော်လည်းကောင်း၊ Jam၊ သကြားရည် အနှစ်၊ ရှာလကာရည် စားသုံးနိုင်ပါသည်။

 

ချဉ်ပေါင်ဖူးယိုသည် အနံ ့အရသာပိုစူးသဖြင့်၊ ၄င်းကို ဇီးယိုထက်ပို၍ လူကြိုက်များကြပါသည်။ ဒါ့အပြင် အသီးရင့်ရင့်ကို သကြား၊ ဆားအနဲငယ် တို ့ဖြင့် ရောကြိုပြီး၊ ဆူလာပါက အအေးခံ၍ ဖျော်ရည် အဖြစ်သောက်နိုင်ပါသည်။

 

၁။ အူသိမ်၊ အူမတို ့ကို ကောင်းကျိုးပြုပါသည်။

 

၂။ ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များ ကြွယ်ဝစွာ ပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ဝမ်းကိုလဲ သက်စေပါသည်။

 

၃။ Vitamin C နှင့် သတ္တုဓာတ်တို ့အမြောက်အများ ပါရှိသောကြောင့် ကိုယ်ခံ စွမ်းအား ကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို ့ကိုကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်တင်နု ပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေ အလားအလာ နည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို ့မှလဲ ကာကွယ်ပေးခြင်းစသည်ဖြင့်ကောင်းကျိုးပြုပါသည်။

 

၄။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြော အဖွဲ ့အစည်း များနှင် ့ကြွက်သားများ ဖွဲ ့စည်းမှုကို တိုးတက် ကောင်းမွန်စေခြင်း၊သွေးကျဲခြင်းမှ ကာကွယ်ပေးခြင်း၊ ခြေ လက်များ တဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို ့ကို သက်သာပျောက်ကင်းစေခြင်း၊ ကလေး ငယ်များ ဖွံ ့ဖြိုး မှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

 

၅။ ချဉ်ပေါင်ပန်းပွင့်သည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။

 

၆။ ချဉ်ပေါင်ဖူး၏ အစေ့မှလဲ အဆီ ထုတ်ယူနိုင်ပါသည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိ အနာအမျိုးမျိုးတို ့ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်းခြင်းကို သက်သာစေပြီး၊ အနာများလဲ ကျက်စေပါသည်။

 

၇။ ခြေ လည်ပင်းပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

 

၈။ ချဉ်ပေါင်ဖူးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကို သက်သာပျောက် ကင်းစေပါသည်။ လူကို လန်းဆန်းစေနိုင် ပါသည်။

 

၉။ ချဉ်ပေါင် အစေ့ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အစာနင်ခြင်းနှင့် အစာမကျေခြင်း တို ့ကို သက်သာ ပျောက်ကင်းစေ နိုင်ပါသည်။

 

၁၀။ ချဉ်ပေါင်ရွက်ကို လက်ဘက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကို ကျစေခြင်း၊ ကိုယ်အလေးချိန် ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါ အမျိုးမျိုးတို ့ ကိုလဲ ဟန် ့တား ကာကွယ်ပေးနိုင်ပါသည်။

 

၁၁။ဒူးရင်းသီး စားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကို သောက်ပေးခြင်းဖြင့် အပူကန်ခြင်း ကို ကာကွယ်နိုင် ပါသည်။

 

သတိပြုရန်။
------------
• သွေးတိုးရောဂါ ရှိသူများ အလွန်အကျွံ မစားသင့်ပါ။ သွေးပေါင်ချိန် တက်နိုင်ပါသည်။ • ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့်တော်ပါ။

ဘေးထွက်ဆိုးကျိုး အလွန်နဲပါးပြီး၊ စျေးနှုန်းလဲမကြီးသော မိမိတို ့လက်တကမ်းမျှ ၁၂-လ ရာသီပတ်လုံး အလွယ်တတူ ရရှိနိုင်သော ချဉ်ပေါင်ရွက် တို ့ကို အစာလဲဆေး၊ ဆေးလဲ အစာအဖြစ် စားသောက်ပေးကြ ပါရန် တိုက်တွန်းလိုက် ရပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပေါက်ပေါက်
ကိုမျိုး(သုတစွယ်စုံ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18