Print

သဘာဝရဲ့ လက်ဆောင်ခရမ်းချဉ်သီးဖျော်ရည်

  25-Feb-2017
Preview Image

ခရမ်းချဉ်သီးကို ကြိုက်နှစ်သက် သောက်သုံးပါက ကျန်းမာရေးနဲ့ ညီညွှတ်သလို၊ အခွံလေးတွေ အသုံးပြု ပြီးတော့ဖြစ်ဖြစ်၊ အထဲကအနှစ်ဖတ် ကလေးတွေဖြစ်ဖြစ်၊နှစ်ခုစလုံးအသုံးပြုရင် ဖြစ်ဖြစ် မျက်နှာအသားအရေကို ဝင်းလက်စိုပြေအောင် အသုံးပြုနိုင်ပါတယ်။ ခရမ်းချဉ်သီးဟာ အသားအရေကို အေးမြစေပြီး အရေပြားကို တင်းရင်းလှပစေပါတယ်။ သူ့မှာ အသားအရေကို စိုပြေလှပစေတဲ့ Vitamin-C ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့ Vitamin-A လည်း အမြောက်အများပါဝင်ပါတယ်။ 

 

ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးကို ညဘက် အိပ်ရာဝင်ခါနီးအချိန်မှာ မျက်နှာပြင်ပေါ်တင်ပြီး အိပ်ကာ မနက်မျက်နှာသစ်ရာတွင် ရေခပ်နွေးနွေးကလေးဖြင့် အသုံးပြုနေကြ Facial form ဒါမှမဟုတ် မျက်နှာသစ် ဆပ်ပြာဖြင့်ဆေးကြောသန့်စင်လိုက်ပါက ကြည်လင်ရှင်းသန့်သော မျက်နှာပိုင်ရှင်လေးကို သဘာဝသီးနှံများ အသုံးပြု၍ ရရှိနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပျိုး
Health for all magazine, No.100, May 2015, Pg. 43



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18