Print

အသက် ၃၀ အရွယ် စားကိုစားရမည့် အစားအစာ

  25-Feb-2017
Preview Image

ဒီအရွယ်က သင်ရဲ့မိသားစုနဲ့ အလုပ်အတွက် အချိန်တွေ အများကြီးပေးရပြီး ကလေးယူသင့်၊ မယူသင့်လည်း ဆုံးဖြတ်ရမယ့်အချိန် ရောက်နေတဲ့အတွက် သင်ရဲ့ စိတ်ဖိစီးမှု အဆင့်ဟာ အမြင့်မားဆုံးဖြစ်နေပါတယ်။

 

စားကိုစားရမည့် အစားအစာ

ဟင်းသီးဟင်းရွက်နှင့် ဟင်းခတ် အမွှေးအကြိုင် ရောစပ်သည့်အစာ (Vegemite) 

စိတ်ဖိစီးမှု များတဲ့အချိန်မှာ ခန္ဓာကိုယ်က ဗီတာမင်ဘီကို အသုံးပြုနှုန်းဟာ ပုံမှန်အချိန်ထက် အလွန်မြန်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက ဆုံးရှုံးသွားတဲ့ ဗီတာမင်ဘီကို ပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။ Vegemite ၅ ဂရမ်မှာ နိုင်ယာစင်က ခန္ဓာကိုယ် လိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်း၊ ဘီ ၂ က နေ့စဉ်လိုအပ်ချက်ပမာဏ အတိုင်းနဲ့ ဘီ ၁ ခေါ်တဲ့ သိုင်ရာမင်က လိုအပ်ချက် ၅၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါအပြင် ကလေးမွေးနိုင်တဲ့ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဖောလိတ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းလည်း ပါဝင်ပါတယ်။

 

ရှောင်သင့်သည့်အကျင့် 
ဟင်းသီးဟင်းရွက် မစားခြင်း

အသက် ၃၀-၃၄ နှစ် အရွယ်တွေကို လေ့လာမှုပြုလုပ်ရာမှာ သူတို့တစ်တွေရဲ့ သုံးရာခိုင်နှုန်းခန့်သာ နေ့စဉ် ဟင်းသီးဟင်းရွက် လိုအပ်ချက်ပမာဏဖြစ်တဲ့ ငါးပုံပြည့် မီအောင် စားသုံးကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်ကို ပိုစားတာကြောင့် ကျန်းမာရေး ပိုမိုကောင်းမွန်နိုင်ရုံမက စိတ်ချမ်းသာပြီး အကောင်းမြင်တဲ့ စိတ်ဘက်ကို ပိုမိုရရှိလာတယ်လို့ ဗြိတိန်မှ လေ့လာသူတွေက ဆိုပါတယ်။ အကောင်းမြင်တတ် တာကြောင့် စိတ်ဖိစီးမှုတွေကို အောင်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တစ်ပုံဟာ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက် ဒါမှမဟုတ် ချက်ပြီးသား ဟင်းရွက်ခွက်တစ်ဝက်စာ ဒါမှမဟုတ် အာလူးအနေတော် တစ်လုံးနဲ့ ညီမျှပါတယ်။

 

အကောင်းဆုံးအစားအစာ- ကုလားပဲ

သင်ဟာ သန္ဓေတားဆေး မှီဝဲသူဖြစ်နေရင် သန္ဓေတားဆေးမှာ ပါဝင်တဲ့ အီစထရိုဂျင်တွေဟာ ခန္ဓာကိုယ်တွင်းက ဗီတာမင်ဘီ ၆ နဲ့ ပူးပေါင်းလိုက်တဲ့အတွက် ဗီတာမင်ဘီ ၆ ချို့တဲ့သွားနိုင်ပါတယ်။ ဗီတာမင်ဘီ ၆ ချို့တဲ့တာက အိပ်မပျော်တာနဲ့ စိတ်ကျဝေဒနာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ ကုလားပဲမှာ ဗီတာမင်ဘီ ၆ တွေ များစွာ ပါဝင်တဲ့အတွက် ကုလားပဲဟာ အသက် ၃၀ အရွယ်တွေအတွက် အကောင်းဆုံး အစားအစာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.267, October 2014, Pg.20

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18