Print

ရေခဲသေတ္တာထဲတွင် အစားအစာများကို နည်းလမ်းမှန်စွာ သိမ်းဆည်းနည်း

  25-Feb-2017
Preview Image

ခေတ်မီလာသော လူနေမှုပုံစံအရ ရေခဲသေတ္တာကို အိမ်အတော်များများမှာ အသုံးပြုလာကြပါပြီ။ ထို့အတူ ရေခဲသေတ္တာမှာအစားအသောက်တွေကို သိမ်းဆည်းရာမှာ တစ်ချို့နည်းလည်း မှန်ကန်သလို၊ မှားယွင်းတဲ့ နည်းလမ်းတွေလည်း ရှိတတ်ပါတယ်။ ထို့ကြောင့် ရေခဲသေတ္တာထဲမှာ အစားအသောက်များကို နည်းလမ်းမှန်ကန်စွာ သိမ်းဆည်းဖို့ နည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်.......

 

၁။ ပထမဆုံး ရေခဲသေတ္တာ အပူချိန်ကို စစ်ပေးပါ။ 40 ံF (5 ံC) ထက်နည်းရပါမယ်။ မဟုတ်ရင်တော့ အန္တရယ်ရှိသော အစားအသောက်ပိုးမွှားများ ပေါက်ဖွားမှုကို ဖိတ်ခေါ်သလို ဖြစ်နေပါလိမ့်မယ်။

 

၂။ အရွက်များသိိမ်းတဲ့ပုံးမှာ အပူချိန်ပါရင်လည်း အဲဒီအပူချိန်ကို စစ်ပေးဖို့လိုပါတယ်။ တွေ့ဖူးတဲ့ ရေခဲသေတ္တာ အများစုမှာတော့ မပါကြပါဘူး။

 

၃။ ကျန်သေးတဲ့ ဟင်းများကို ဗူးအကြည်နဲ့ ထည့်ပေးပါ။ ဒါမှ ဘာကျန်နေသလဲ ဆိုတာကို မြင်ပြီး မြန်မြန်စားဖြစ်မှာ ဖြစ်ပါတယ်။

 

၄။ အသီးအရွက်များနဲ့ သစ်သီးများကို ရောပြီး တစ်နေရာထဲမှာ ရောပြီးမသိမ်းသင့်ပါဘူး။

 

၅။ နွားနို့အစရှိတဲ့ မြန်မြန်ပျက်လွယ်သော အစားအသောက်များ ကို ရေခဲသေတ္တာဘောင်မှာ မထားသင့်ပါဘူး။ ထိုနေရာများဟာ အပူချိန်အတက်၊အကျ မြန်တာကြောင့် မြန်မြန်ပျက်လွယ်စေပါတယ်

 

၆။ သားစိမ်းငါးစိမ်းများကို ရေခဲသေတ္တာ အောက်ထပ်ထဲမှာ သိမ်းဆည်းဖို့ လိုလာလျှင် အောက်ဆုံးအဆင့်မှာသာ ထားရပါမယ်။ မဟုတ်ရင် သားစိမ်းငါးစိမ်းများက အရည်က တခြားအစားအသောက်တွေပေါ်ကို ဖိတ်ကျနိုင်စေတာကြောင့်ပါ။

 

၇။ ရေခဲသေတ္တာထဲမှာ ပစ္စည်းများကို ပြည့်ကျပ်နေအောင် မထည့်သင့်ပါဘူး။ လေ လည်ပတ်မှု ကောင်းစေရန်အတွက် တစ်ခုနဲ့တစ်ခုကြား နေရာနည်းနည်း ချန်ထားနိုင်ရင်ပိုကောင်းပါတယ်။ ဒါဆိုရင် အစားအသောက်များလည်း ကြာကြာပိုခံပါတယ်

 

၈။ ဘယ်အစားအစာ၊ အသီးအရွက်ကိုမှ လှီးပြီး၊အတုံးတုံးပြီးမှ မသိမ်းသင့်ပါဘူး။ ပန်းသီးကို အလုံးလိုက်သိမ်းတာက အစိပ်စိပ်ပြီး သိမ်းတာထက် ပိုပြီးတာရှည်ခံတာက ဥပမာတစ်ခုပါပဲ။

 

၉။ စျေးမသွားခင်မှာ ရေခဲသေတ္တာ အနောက်နားမှာ ထည့်ထားတဲ့ အစားအသောက်များကို အရင်ရှင်းပါ။ ဒါမှမိမိဆီမှာ ဘာကျန်သေးလဲ၊ ဘာထပ်ဝယ်ရမလဲ ဆိုတာကို သိမှာပါ

 

၁၀။ နောက်ဆုံး အချက်အနေနဲ့ ဘာပဲဖိတ်ဖိတ် ချက်ချင်းသုတ်ပစ်ပြီး ရေခဲသေတ္တာကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။

 


Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Knowledge Zone



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18