Print

အသက် ၂၀ အရွယ်မှာ စားသင့်သည့် အစားအစာများ

  25-Feb-2017
Preview Image

ဒီအရွယ်မှာ ရှိသူတွေက များသောအားဖြင့် အဆင်သင့်စားလို့ရတဲ့ အစားအစာတွေ ကို စားသုံးကြသူတွေ ဖြစ်ပါတယ်။ ဘီယာကိုလည်း သောက်သုံးတတ်ကြပါပြီ။ ဒါကြောင့် သင့်ကျန်းမာရေး ကောင်းမွန်ဖို့ရာ အောက်ပါတို့ကို ရွေးချယ်ရပါမယ်။

 

စားကိုစားရမည့် အစားအစာ အိုမီဂါ ၃ အဆီ
အသက် ၁၈-၂၅ နှစ်ကြား ရှိသူတွေမှာ စိတ်ကျဝေဒနာဟာ အဖြစ်များဆုံး စိတ်ကျန်းမာရေးပြဿနာပါ။ ၂၅ နှစ်အရွယ် ရောက်သူတွေရဲ့ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ စိတ်ကျဝေဒနာတွေ ခံစားရတယ်လို့ ခန့်မှန်းထားပါတယ်။ အဆီများတဲ့ အစားအစာ၊ သစ်ကြားသီးနဲ့ ဂုန်လျှော်စေ့မှာ များစွာပါဝင်တဲ့ အိုမီဂါ ၃ အဆီတွေက စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေ နည်းတာနဲ့ ဆက်စပ်မှုရှိပါတယ်။ နေ့စဉ် တူနာငါး၊ ဆော်လမွန်ငါး ဒါမှမဟုတ် အဆီများတဲ့ငါးတွေ စားပေးပါ။

 

ရှောင်သင့်သည့်အကျင့် ကော်ဖီခါးခါးသောက်ခြင်း
သင်ဟာ အသက် ၂၀ ကျော်တဲ့အထိ အရိုးတွေကို တည်ဆောက်ဆဲ ဖြစ်နေတဲ့အတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ များစွာပါဝင်တဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ကဖင်းဟာ ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူမှုကို အနှောင့် အယှက် ပေးနိုင်တယ်လို့ မဲလ်ဘုန်း အာဟာရဆိုင်ရာဌာနမှ အစားအသောက်ပိုင်းဆိုင်ရာ ဒါရိုက်တာက ဆိုပါတယ်။ ဒါကြောင့် ကော်ဖီသောက်မယ်ဆိုရင် နွားနို့ ဒါမှမဟုတ်
နို့မှုန့်ထည့်သောက်မှသာ ကယ်လ်စီယမ်ဆုံးရှုံးမှု နည်းသွားမှာပါ။

 

အကောင်းဆုံး အစားအသောက် ထောပတ်သီး၊ လိမ္မော်ရည်
သင်ဟာ အဆင်သင့်ရတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် သူနဲ့အတူထောပတ်သီးဖျော်ရည် ဒါမှမဟုတ် လိမ္မော်ရည်တစ်ခွက်ပါ တွဲဖက်သောက်လိုက်ပါ။ အဲဒီ ဖျော်ရည်နှစ်မျိုးစလုံးက သင့်ခန္ဓာကိုယ်အတွင်း အရန်သင့် အစားအစာတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချနိုင်တာကြောင့်ပါ။ ဥပမာအားဖြင့် ထောပတ်သီးက ခန္ဓာကိုယ်မှ ရောင်ရမ်းမှုပစ္စည်းတွေ ထွက်ရှိနှုန်းလျော့ကျစေနိုင်ပြီး လိမ္မော်ဖျော်ရည် က အဆီများတဲ့ အစားအစာတွေ စားတာကြောင့် ထွက်ရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို အားပျော့သွာစေနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No.267, October 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18